“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မဲ့ သံမဏိဓား”ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၆၈ ရက်မြောက်ချီတက်

23 June 2022
“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မဲ့ သံမဏိဓား”ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၆၈ ရက်မြောက်ချီတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၆၈ ရက်မြောက် အဖြစ် ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည်“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မဲ့ သံမဏိဓား”စာတန်း အားကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြပြီး ကျဆုံးအာဇာနည်များအား အလေးပြုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#mizzima

#လူထုသပိတ်စစ်ကြောင်း

#ဆာလင်းကြီးမြို့နယ်

#ယင်းမာပင်မြို့နယ်

#အာဏာရှင်ရင်ဝကို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly