ဒုရဲမှူးအပါအဝင် ရဲ ၁၁ ဦးသေဆုံးခဲ့သည့် ခင်ဦးမြို့နယ်မှတိုက်ပွဲ

ဒုရဲမှူးအပါအဝင် ရဲ ၁၁ ဦးသေဆုံးခဲ့သည့် ခင်ဦးမြို့နယ်မှတိုက်ပွဲ

ဇွန်လ ၂၂ ရက်

ရေဦးစခန်းမှူး ဒုရဲမှူးစိုးထွဋ်ခိုင်အပါအဝင် ရဲ ၁၁ ဦးသေဆုံးခဲ့သည့် ခင်ဦးမြို့နယ်မှတိုက်ပွဲဗွီဒီယိုဖိုင်ကို Midland Revolution Force မှ ယနေ့ ဇွန်လ ၂၂ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်လာသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာအနောက်ဘက် မူးချောင်းတံတား အနီးတွင် ဇွန်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီ၌ ဒုရဲမှူး စိုးထွဋ်ခိုင်ပါဝင်ကာ ရဲ ၁၁ဦး လိုက်ပါလာသော ဖောကားအဖြူရောင်အား အလယ်ပိုင်းဒေသတော်လှန်ရေးအင်အားစု (M.R.F) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် ရေဦးစခန်းမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲ ၁၁ ဦးသေဆုံးခဲ့ပြီး လက်နက် ၁၁ လက် ကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း Midland Revolution Force မှဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏လက်ပါးစေများအား တိုက်ခိုက်ရာတွင် ပူးပေါင်းခွင့်ပေးသော အခြားတော်လှန်ရေးအဖွဲ့များ ကိုလည်းကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly