ကလေးမြို့လူထုသပိတ် ရက် ၅၀၀ပြည့် အထိမ်းအမှတ် တော်လှန်ရေးအခြေပြအမှာစကားများ ပြောကြား

ကလေးမြို့လူထုသပိတ် ရက် ၅၀၀ပြည့် အထိမ်းအမှတ် တော်လှန်ရေးအခြေပြအမှာစကားများ ပြောကြား

ဇွန်လ ၂၂ ရက်

စစ်ကိုင်းတိုင်း ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ရက်ဆက် ဆန္ဒပြနေသည်မှာ ဇွန်လ ၂၂ ယနေ့တွင် ရက် ၅၀၀ ပြည့်မြောက် ပြီဖြစ်သည်။

ဆန္ဒပြပွဲ ရက် ၅၀၀ နေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအခြေပြအမှာစကား များအား ဒေါ်သန့်ဝေကျော် (ရွှေးကောက်ခံ၊ အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်) ၊ ဆရာမဒေါ်ရတီအုန်း  (ကထိက ၊ ဌာနမှူး CDM ပညာရေးဝန်ထမ်း) ၊ ကိုထွဏ်းခမ် -  နိုင်ငံကျော်အဆိုတော်အနုပညာရှင် ၊ Ko Thanga  ဥက္ကဋ္ဌ -  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေးမြို့) President (People's Defence Force - Kalay) နှင့်  ကိုဗိုက်ပူ (ကလေးမြို့ပင်မသပိတ်အင်အားစု) တို့မှ ပြောကြားခဲ့ကြသည်။

မိဘပြည်သူများအနေနှင့် စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်ခံမနေဘဲ ၊ လမ်းမပေါ်သို့တက်ကာ အလံနှင့် အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းနိုးဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly