ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ရက် ၅၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ရက် ၅၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ဇွန်လ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ရာ ယနေ့ ဇွန်လ ၂၂ ရက် နေ့တွင် ရက်ပေါင်း ၅၀၀ပြည့်ပြီ ဖြစ်သည်။

“တရားသောစစ်အတွက် တော်လှန်ခဲ့တာ ရက်ပေါင်း ၅၀၀ ပြည့်ခဲ့ပြီ လူထုအားနဲ့ အမြစ်ဖြတ်နိုင်ရမည်” စာသားပါ စာတမ်းကိုင်ဆွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြချီတက်ခဲ့ကြသည်။

ထို့အပြင် ကလေးမြို့လူထုသပိတ်ရက်ပေါင်း ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် “သွေးသစ္စာနှင့် ဤမြေကမ္ဘာ အမြစ်ပြတ်ချေမှုန်း ဤမြေကမ္ဘာအဆုံး ဖီးနစ်ငှက်ပမာ စွန့်စားရှာ ပြည့်ခဲ့ပြီလေ ရက် ၅၀၀” စာသားနှင့် အလံအပါအဝင် ဆန္ဒပြသူများရုပ်ပုံဖြင့် ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များအား မြို့အတွင်းတွင် ဖြန့်ဝေခဲ့ကြ သည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly