‘စိုက်သမျှ ရိတ်သိမ်းရမယ့်’အချိန် မုချရောက်လာမယ်(ဆောင်းပါး)

22 June 2022
‘စိုက်သမျှ ရိတ်သိမ်းရမယ့်’အချိန် မုချရောက်လာမယ်(ဆောင်းပါး)

ဒီရက်ပိုင်းထဲ RFA သတင်းဌာနကနေတင်ဆက်သွားတဲ့ “လူနှစ်ဆယ့်ခြောက်ယောက် သတ်ခဲ့တယ်”ဆိုတဲ့ ဗီဒီယိုဖိုင်သက်သေနဲ့ သတင်းဆောင်းပါးဟာ ပြည်တွင်းပြည်ပက လူအများကို ထိတ်လန့်မင်တက်သွားစေဆုံး အကြောင်းအရာဖြစ်ခဲ့ပါတယ်။ အာဏာသိမ်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ထိ သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်သလဲဆိုတာကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်နိုင်တဲ့ သတင်းပါပဲ။ နည်းပညာနဲ့ မီဒီယာတွေ ခုခေတ်ကာလလို တိုးတက်ဖွံ့ဖြိုးမှုမရှိစဉ်တုန်းက ကာလတွေအတွင်းနဲ့ မှတ်တမ်းမတင်ထားနိုင်တဲ့ ခုလိုသတ်ဖြတ်မှုဖြစ်စဉ်တွေဆိုတာ စစ်တပ်အုပ်စိုးထားတဲ့ ဆယ်စုနှစ်များစွာအတွင်း အများအပြားရှိခဲ့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ကျေးလတ်တောရွာတွေ၊ တောတောင်တွေထဲမှာဆို မတွေးဝံ့စရာပါ။ နိုင်ငံ့စစ်တပ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ‘ဂုဏ်သိက္ခာ’ဆိုတာ မြန်မာစစ်တပ်မှာ လုံးဝကင်းပျောက်သွားပြီ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ပါသတင်းကို ဖတ်ရှုကြည့်မိလိုက်တဲ့ မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကို ပိုမိုရွံရှာသွားကြပြီး လက်ရှိ တော်လှန်ရေးကို ဘယ်လိုဖြစ်ဖြစ် အောင်မြင်အောင်လုပ်ကြမှဖြစ်မယ်ဆိုတဲ့ ခံယူချက်တွေ ပိုမိုခိုင်မာသွားစေတယ်လို့ မြင်မိတယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly