လစ်သူယေးနီးယားရုံးကို ဆောင်းဦးပေါက်တွင် ထိုင်ဝမ်တွင် ဖွင့်လှစ်မည်

လစ်သူယေးနီးယားရုံးကို ဆောင်းဦးပေါက်တွင် ထိုင်ဝမ်တွင် ဖွင့်လှစ်မည်

လစ်သူယေးနီးယားအစိုးရက စက်တင်ဘာလတွင် ထိုင်ဝမ်၌ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် စီစဉ်နေကြောင်း လက်ထောက်ဝန်ကြီးတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်နှင့် ဆက်ဆံရေးမြှင့်တင်ခြင်းကြောင့် တရုတ်က လစ်သူယေးနီးယားကို ဒေါသထွက်ခဲ့သဖြင့် ပို့ကုန်များ လုံးဝမရှိသလောက်နီးပါး ကျဆင်းသွားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီးနပ်စ်တွင် ထိုင်ဝမ်အမည်ဖြင့် သံရုံးဖွင့်လှစ်ခွင့်ပြုရန် ၂၀၂၁ခုနှစ်က လစ်သူ ယေးနီးယား၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် တရုတ်က ဆက်တိုက်ဖိအားပေးနေခဲ့သည်။

လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေးကို တရုတ်က အဆင့်နှိမ့်ထားခဲ့ပြီး ယင်း၏ 'အမှားများ' ကို ပြန်ပြု ပြင်ရန် တိုက်တွန်းနေချိန်တွင် နိုင်ငံစုံကော်ပိုရေးရှင်းများအား ယင်းနှင့် ဆက်ဆံရေး ဖြတ်တောက် ရန် ဖိအားပေးခဲ့သည်။

တိုင်ပေတွင် သတင်းထောက်များအား ပြောကြားရာတွင် စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လစ်သူ ယေးနီးယားဒုဝန်ကြီး ဂျိုဗီတာက ထိုင်ဝမ်တွင် ယင်း၏ ရုံးခွဲကို 'စက်တင်ဘာလတွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ၎င်း၏ ထိုင်ဝမ်ခရီးစဉ်အတွင်း သင့်တော်သည့် နေရာအချို့ကို လေ့လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒုဝန်ကြီး ဂျိုဗီတာဦးဆောင်သော လစ်သူယေးနီးယား ကိုယ်စားလှယ်အဖွဲ့သည် လေးရက်ကြာ အလည် အပတ်ခရီးအဖြစ် ထိုင်ဝမ်သို့ ဇွန်လ ၁၁ရက်တွင် ရောက်ရှိခဲ့သည်။

ဘီယာ၊ နို့ထွက်ပစ္စည်း၊ အမဲသားနှင့် မကြာသေးမီက ရမ်ကဲ့သို့သော လစ်သူယေးနီးယား ကုန်ပစ္စည်းများကို တရုတ်ကန့်သတ်မှုများမှ သက်သာစေရန် ထိုင်ဝမ်သည် လစ်သူယေးနီးယား မှ အစားအစာတင်သွင်းမှုကို အရှိန်မြှင့်လိုက်သည်။

တရုတ်က အရေးကြီးသော ပို့ကုန်မိတ်ဖက်နိုင်ငံဖြစ်ခဲ့သော်လည်း ပထမသုံးလပတ်တွင် တရုတ်သို့ လစ်သူယေး နီးယား၏ တင်ပို့မှုသည် ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုညနီးပါးသို့ ကျဆင်းသွားခဲ့ကြောင်း ဂျိုဗီတာက ပြောကြား ခဲ့သည်။

တရုတ်သို့ တိုက်ရိုက်တင်ပို့မှုတန်ဖိုးမှာ ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၄၀ရှိပြီး ယင်းပမာဏအား ထိုင်ဝမ် သို့မဟုတ် အာရှတိုက်ရှိ အခြားဈေးကွက်များတွင် ရှာဖွေရန်ကြိုးစားမည်ဖြစ်ကြောင်း ဂျိုဗီတာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly