ဝေါလေမြိုင်ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာသူများနှင့် တွေ့ဆုံမေးမြန်းချက်

ဝေါလေမြိုင်ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာသူများနှင့် တွေ့ဆုံမေးမြန်းချက်

ဇွန်လ ၂၁ ရက်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့နယ် ရဲစခန်းတွင် သုံးလကြာ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကို ဇွန်လ ၁၃ ရက်နေ့တွင် KNDO အထူးကွန်မန်ဒိုတပ်ရင်းက ကယ်ထုတ်နိုင်ခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူများသည် မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်များဖြစ်ကြပြီး အမျိုးသားငါးဦး အမျိုးသမီးလေးဦးဖြစ်သည်။

အဆိုပါ လူငယ်ကိုးဦးသည် အောင်အောင်ကျော် (ABIA) စခန်းတွင် နေထိုင်ခဲ့ပြီးနောက် ၎င်းစခန်းတွင် ဆက်လက်မနေထိုင်လိုသဖြင့် အခြားစခန်းကိုသွားရောက်ရာ လမ်းတွင် သတင်းပေး ဒလန်ကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။

ဝေါလေမြိုင်ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အတွေ့အကြုံများကို မဇ္ဈိမသတင်းထောက်က တွေ့ဆုံမေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly