Never Forget

21 June 2022
Never Forget

ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ဒါရိုက်တာများသည် တော်လှန်ရေးကာလအတွင်း အခက်အခဲ စိန်ခေါ်မှုပေါင်းများစွာတို့ကို ကျော်ဖြတ်ပြီး ရုပ်ရှင်ဇာတ်လမ်းတို (၁၀)ကားကို ရိုက်ကူးပါဝင်ခဲ့ပါသည်။  ထိုဇာတ်လမ်းတိုများအား ၁၇ ဇွန် ၂၀၂၂ မှ စတင်၍ နေ့စဉ် အောက်ပါ အင်တာနက်စာမျက်နှာ၊ မီဒီယာများနှင့် ဖေ့ဘွတ်စာမျက်နှာများတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး၊ ပထမဆုရ ဇာတ်လမ်းတိုအား ၂၈ ဇွန် ၂၀၂၂ တွင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

Never Forget
Directed by Mike & Angela

ဒီကနေ့မှာတော့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အတွက် “ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ဓလေ့အားအဆုံးသတ်” ရုပ်ရှင်ဇာတ်လမ်းတို (၁၀)ခုမှ (၆) ခုမြောက် ဖြစ်တဲ့“Never Forget” ရုပ်ရှင်ဇာတ်ကား ကို AJAR,AAPP, AASYC, BCM, KHM, KWO, ND-Burma, TCSO, UKSY, WLB and WJ မှ ထုတ်လွှင့်လိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ နွေဦးတော်လှန်ရေး အစပိုင်းက အမျိုးသမီးတစ်ယောက်က စစ်ကြောရေး နဲ့ အကျဉ်းချခံရစဉ် တုန်လှုပ်ခြောက်ခြားဖွယ်စရာကောင်းတဲ့ အတွေ့အကြုံကိုပြန်လည်ပြောပြထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေပြောပြတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ နဲ့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ရုပ်သံတွေပါရှိပါတယ်။ ဇာတ်လမ်းကိုပြောပြတဲ့သူ ကတော့ လွှတ်မြောက်လာတာနဲ့ သူမရဲ့ အသိ တက်ကြွလှုပ်ရှားသူတွေကို ပံ့ပိုးဖို့ စိတ်ဆုံးဖြတ်ထားချိန်မှာ သူမဘယ်တော့မှ မေ့မရနိုင်မယ့် စိတ်ဒဏ်ရာ နဲ့ အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာဖွေရုန်းကန်နေရပါတယ်။ ဒီ လင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

#StopTortureEndImpunity
#ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ်-ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဓလေ့အားအဆုံးသတ် 
#InternationalDayinSupportofTortureSurvivors
#ညှဉ်းပန်းနှိပ်စက်ခံရသူများကိုကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့
#ReleaseAllPoliticalPrisoners
#နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွှတ်
#WhatsHappeningInMyanmar

https://fb.watch/dHQcO7tj38/ - A NARRATIVE WE LIVE
https://fb.watch/dJ8K4Q0I3P/- Darkness Room
https://fb.watch/dKnI9oGUaB/- Mom + Penal Code 50
https://fb.watch/dLGnogMeGb/-Shattered Dream

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly