မန်ချက်စတာစီးတီးဟာ ရာဟင်းမ် စတာလင်အတွက် ချယ်လ်ဆီးအသင်းရဲ့ ကနဦးကမ်းလှမ်းမှု ယူရိုသန်း ၃၀ ကို ပယ်ချခဲ့တယ်လို့ အီတလီသတင်းထောက် ဖာဘရီဇီယို ရိုမာနိုအရ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ သောမတ်တူချယ်လ်ရဲ့ တိုက်စစ်နေရာကို အားကောင်းလာစေဖို့အတွက် အခုနွေရာသီမှာ အင်္ဂလန်လက်ရွေးစင်ကို ခေါ်ယူနိုင်ရေး အရှိန်အဟုန်နဲ့ ချိတ်ဆက်နေပါတယ်။
တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ခက်ခဲတဲ့ ရာသီအပြီး အခုနွေရာသီမှာ အင်တာမီလန်ကို ပြန်သွားနိုင်တာကြောင့် ချယ်လ်ဆီးဟာ တိုက်စစ်ကစားသမားသစ်တစ်ဦး ခေါ်ယူရန် ဈေးကွင်းအတွင်း ရှိနေတယ်လို့ ယူဆထားပါတယ်။
ဒေါ့မွန်အသင်းကနေ အာလင် ဟာလန်းကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ အတည်ပြုပြီးနောက် စတာလင်ဟာ မန်စီးတီးအသင်းမှာ ဂွာဒီယိုလာရဲ့ တိုက်စစ်နေရာအတွက် ပျောက်ဆုံးနိုင်မှု အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားကို ချယ်လ်ဆီးရဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်က ချိတ်ဆက်ခဲ့ဖူးပေမယ့်လည်း ချယ်လ်ဆီးအနေနဲ့ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ စတာလင်ကို ခေါ်ယူရန် အလားအလာပိုများနေပုံပေါ်တယ်လို့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။
ချယ်လ်ဆီးဟာ ယူရိုသန်း ၃၀ နဲ့ ကနဦးကမ်းလှမ်းခဲ့ပေမယ့် ပရီးမီးယားလိဂ် လေးကြိမ် ချန်ပီယံဆုရထားတဲ့ မန်စီးတီးက ပယ်ချခဲ့တယ်လို့ ရိုမာနိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အီတလီအပြောင်းအရွှေ့ပိုင်းကျွမ်းကျင်သူက စတာလင်အတွက် လာမယ့်သီတင်းပတ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေနဲ့ ချယ်လ်ဆီးအသင်း ပြန်လာဖို့ အကြံပြုထားပါတယ်။
ရိုမာနိုက Twitter မှာ “ချယ်လ်ဆီးရဲ့ ထိပ်တန်းပစ်မှတ် ရာဟင်းမ် စတင်လင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းထွက်ခဲ့တယ်။ မန်စီးတီးအသင်းက ယူရို ၅၅ သန်း/သန်း ၆၀ ဝန်းကျင် အလိုရှိနေပြီး ယူရို ၂၅ သန်းနဲ့ add-ons ကြေးနဲ့ ချဉ်းကပ်တာကို ငြင်းပယ်လိုက်တယ်။
“မန်စီးတီးက သူ့ကို လက်လွှတ်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ချယ်လ်ဆီးက ကမ်းလှမ်းမှုအသစ်နဲ့ မကြာခင်မှာ ပြန်လည်ရောက်ရှိလာတော့မှာပါ။
"မန်စီးတီးက ဂျေဇူးနဲ့ စတာလင်ဆီကနေ ယူရိုသန်း ၁၀၀-၁၁၀ သန်း လိုချင်တယ်။"လို့ ရေးသားခဲ့ပါတယ်။
စတာလင်ဟာ မန်စီးတီးရဲ့ ချန်ပီယံရာသီမှာ ပွဲ ၃၀ မှာ ၁၃ ဂိုးသွင်းခဲ့ပြီး ၅ ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။
စီးတီးဟာ ၂၀၁၆ မှာ လီဗာပူးလ်ထံကနေ ပေါင် ၅၁ သန်းနဲ့ စတာလင်ကို ခေါ်ယူခဲ့ပါတယ်။
စတာလင်ဟာ ပြီးခဲ့တဲ့ ခုနစ်ရာသီအတွင်း မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ် ၃၃၉ ပွဲမှာ ၁၃၁ ဂိုးသွင်းယူထားပါတယ်။
Source: The Sport Review