မုံတိုင်ပင်ရွာ စစ်ရာဇဝတ်မှု(ဆောင်းပါး)

21 June 2022
မုံတိုင်ပင်ရွာ စစ်ရာဇဝတ်မှု(ဆောင်းပါး)

စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းမှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကာလအတွင်း စစ်သားတွေရဲ့ ရက် စက် ကြမ်းကြုတ်မှုတွေကို သိသာပေါ်လွင်စေတဲ့ ဓာတ်ပုံ ၁၄၄ ပုံ ၊ ဗီဒီယိုမှတ်တမ်းတစ်ခုနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် အသေးစိတ်ကို RFA က ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ် ။ စစ်တပ်ရဲ့ ဒီလိုရက်စက်ကြမ်းကြုတ်မှု သတင်းမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကြားခဲ့ကြရပေမယ့် သက်သေမခိုင်လုံတာ ၊ သက်သေ အထောက်အထားတွေ ဖျောက်ဖျက်ခံရတာ ၊ ဆက်သွယ်ရေးစနစ် မကောင်းတာ ၊ သတင်းစီးဆင်းမှု နှေးကွေး တာစတဲ့ အနေအထားတွေကြောင့် အများပြည်သူတွေအနေနဲ့ ဂဃနဏ မသိခဲ့ကြပါဘူး ။ ဒီသတင်းမှာတော့ ဓာတ်ပုံ ၊ ဗီဒီယို အထောက်အထားတွေနဲ့တကွ တင်ပြထားတာတွေ့လိုက်ရတော့ ဒီဖြစ်စဉ်ဟာ သူတို့အနေနဲ့ ဘယ်တုန်းကမှ မကျူးလွန်ခဲ့ဘူးလို့ မကြာခဏ ငြင်းဆိုနေတဲ့ စစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုကို ရှင်းရှင်းလင်း လင်း ဖြစ်သွားစေပါတယ် ။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly