တရုတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး ဒေသခံ ၂ သိန်းခန့်ကို နေရာ ရွှေ့ပြောင်းပေးရ

တရုတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး ဒေသခံ ၂ သိန်းခန့်ကို နေရာ ရွှေ့ပြောင်းပေးရ

တရုတ်တွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂၀ဝ,ဝဝဝ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

နိုင်ငံအရှေ့တောင်ပိုင်း ဖူ့ကျန့်ပြည်နယ်တွင် ဇွန် ၁၄ရက်က အိမ်ပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးကာ အနီနားရှိကျန်းရှီပြည်နယ်တွင် မိုးသည်းစွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံးခဲ့သဖြင့် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းတွင် လူ ၅ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ပိုင်းမွန်ဂိုလီးယားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ကား တစ်စီးရေထဲထိုးကျသွားသဖြင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေသည်။

တရုတ်တွင် နွေရာသီ၌ ရာသီအလိုက် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို ပုံမှန်ကြုံတွေ့ရလေ့ရှိပြီး အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။

နိုင်ငံပိုင်ရုပ်သံ CCTV မှ ဗီဒီယိုဖိုင်တွင် မြို့ကြီးများ၏ နေရာအနှံ့အပြားတွင် ရွှံ့ရေများ ပြည့်လျှံနေပုံကို ပြသခဲ့သည်။

နိုင်ငံအရှေ့တောင်ဘက်ရှိ ကွမ်တုံပြည်နယ်တွင် ပိတ်မိနေသော လူများကို အဆောက်အအုံများမှ ကယ်ဆယ်ရေးသမားများက ထမ်း၍ ခါးထိနက်သောရေထဲမှ သယ်ထုတ်ခဲ့ကြသည်။

ကျန်းရှီပြည်နယ်တွင် မိုးရွာသွန်းမှု ဇွန်လ ၁၅ရက်တွင် ရပ်တန့်သွားသော်လည်း ဖူ့ကျန်း၊ ကျန်းရှီ၊ ကွန်တုံနှင့် အနီးတစ်ဝိုက်ရှိ ကွမ်ရှီဒေသတို့တွင် နောက်ထပ်တစ်ပတ်ခန့် မိုးရွာသွန်းမှု ပိုများမည်ဟု ခန့်မှန်းထားသည်။

ကျန်းရှီပြည်နယ်တွင် လူပေါင်းတစ်သိန်းကျော်နှင့် ဖူ့ကျန့်ပြည်နယ်တွင် လူပေါင်း ၈၀ဝ၀ဝ ကျော်တို့ကို နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly