အိန္ဒိယ ကြည်းတပ်နှင့် လေတပ်ပူးပေါင်းကာ နိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ဒေသတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အိန္ဒိယ ကြည်းတပ်နှင့် လေတပ်ပူးပေါင်းကာ နိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ဒေသတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အိန္ဒိယ ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်းကာ မြေပြင်နှင့် ဝေဟင် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ၊ လေထီးတပ်က ရေပြင်သို့ ခုန်ဆင်းသည့် အထူးစစ်ဆင်ရေများကို ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့ကြသည်။

နိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ဒေသ၌ ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အန္တရာယ်များသည့် နယ်မြေများတွင် တပ်ဖွဲ့များအနေဖြင့် အလျင်အမြန် တုံ့ပြန် လှုပ်ရှားသွားနိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်။

နယ်မြေဒေသပုံစံအမျိုးမျိုးတွင် လိုက်ရောညီထွေစွာ စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်ခန်းများနှင့် လှုပ်ရှားမှုများကိုလည်း အဆိုပါ လေ့ကျင့်မှုတွင် ပေါင်းစပ်ထည့်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly