ဗြိတိန်တက္ကသိုလ်များအနေဖြင့် တရုတ်နှင့်ဆက်ဆံရေးကို ဖွင့်ဟထုတ်ဖော်ရန်နှင့် ကွန်ဖြူးရှပ်ကျောင်းများကို တားမြစ်သင့်ဟု တရုတ်နိုင်ငံရာ သုတေသီအဖွဲ့ တောင်းဆို

By Tibet Rights Collective
20 June 2022
ဗြိတိန်တက္ကသိုလ်များအနေဖြင့် တရုတ်နှင့်ဆက်ဆံရေးကို ဖွင့်ဟထုတ်ဖော်ရန်နှင့် ကွန်ဖြူးရှပ်ကျောင်းများကို တားမြစ်သင့်ဟု တရုတ်နိုင်ငံရာ သုတေသီအဖွဲ့ တောင်းဆို

ဗြိတိန်တက္ကသိုလ်များအား တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် ၎င်းတို့၏ ငွေကြေးဆိုင်ရာ ဆက်ဆံမှုများကို ထုတ်ဖော်ရန်နှင့် အငြင်းပွားဖွယ် ကွန်ဖြူးရှပ်အင်စတီကျုများကို ပိတ်ပစ်ရန် ဖိအားပေးသင့်သည်ဟု ပါလီမန်အမတ်များက တောင်းဆိုထားသည်။

ဗြိတိန်အနေဖြင့် ပေကျင်းဝါဒဖြန့်ဌာနကို တိုက်ရိုက်အစီရင်ခံသည့် အငြင်းပွားဖွယ်ကွန်ဖြူးရှပ်အင်စတီကျုမှ ရန်ပုံငွေအပါအဝင် ၎င်း၏ တက္ကသိုလ်စနစ်တွင် ကွန်မြူနစ်ငွေကြေး လွှမ်းမိုးမှုကို နှိမ်နင်းရန် လိုအပ်သည်ဟု ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်း ဆာအီယာအင်းဒန်ကန်စမစ် ဦးဆောင်သော ဗြိတိန်ပါလီမန် အမတ်များက ပြောကြားခဲ့သည်။

တရုတ်ဆိုင်ရာသုတေသီအဖွဲ့သစ်၏ သုတေသနပြုချက်အရ ဗြိတိန်ကျောင်းများနှင့် တက္ကသိုလ်များသည် မန်ဒရင်းဘာသာသင်ကြားမှု၊ ရန်ပုံငွေနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်ကြားရေးတို့ကို ညှိနှိုင်းဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများတွင် အများဆုံးအရေအတွက်ဖြစ်သည့်  ဗြိတိန်ရှိကွန်ဖြူးရှပ်အင်စတီကျုပေါင်း ၃၀ ၏ ကွန်ရက်အပေါ် မှီခိုနေရကြောင်း ပြသခဲ့သည်။

တရုတ်၏ ထွန်းကားလာမှုကို ဗြိတိန်က မည်သို့ တုံ့ပြန်သင့်သည်ကို ဆွေးနွေးရန်နှင့် ချင့်ချိန်စဉ်းစားရန် တရုတ်နိုင်ငံဆိုင်ရာ သုတေသနအဖွဲ့ကို ယူကေရှိ ကွန်ဆာဗေးတစ်အမတ်အုပ်စုတစ်စုက တည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံ၏ စက်မှုနှင့် သံတမန်ရေးမူဝါဒများ ထွန်းကားလာမှုနှင့် ဆက်စပ်နေသည့် ရေရှည်စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ချင့်ချိန်စဉ်းစားရန် မျှော်လင့်ထားသည်။

ကွန်ဖြူးရှပ်အင်စတီကျုများကို ပြည်ပရှိ တရုတ်ယဉ်ကျေးမှုနှင့် ဘာသာစကားစင်တာများအဖြစ် ရည်ရွယ်၍ တရုတ်အစိုးရ၏ ရန်ပုံငွေဖြင့် ထူထောင်ထားခြင်းဖြစ်သည်။ သို့သော် အမေရိကန်နှင့် ဆွီဒင်တို့ အပါအဝင် နိုင်ငံအများအပြားက ထိုကျောင်းများအား သူလျှိုလုပ်ရန် အသုံးပြုမည်ကို စိုးရိမ်သောကြောင့် ပိတ်ပစ်ကာ နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို ဆင်ဆာဖြတ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly