ပစိဖိတ်ကျွန်းများတွင် ဩဇာပိုမိုလွှမ်းမိုးရန်ကြိုးစားသော တရုတ်၏အစီအစဉ် သောင်မတင်ရေမကျဖြစ်

By The Print
20 June 2022
ပစိဖိတ်ကျွန်းများတွင် ဩဇာပိုမိုလွှမ်းမိုးရန်ကြိုးစားသော တရုတ်၏အစီအစဉ် သောင်မတင်ရေမကျဖြစ်

တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းများသို့ ချင်းနင်းဝင်ရောက်မှု တိုးမြှင့်လုပ်ဆောင်နေသော်လည်း ဒေသတွင်းတွင် ဩဇာလွှမ်းမိုးမှုနယ်ပယ်တိုးမြှင့်ရန်လုပ်ဆောင်သော ၎င်း၏အစီအစဉ်မှာ သောင်မတင်ရေမကျဖြစ်လျက်ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်နေ့တွင် ပစိဖိတ်ကျွန်းနိုင်ငံများ (PICs) သို့ နိုင်ငံစုံခရီးစတင်ခဲ့ပြီး ၎င်း၏ခရီးစဉ်ကို ဇွန် ၃ ရက်တွင် အဆုံးသတ်ခဲ့ကြောင်း ဒီဗယ်လာရီရိုဖက်ဘရီက Geopolitica.info တွင် ရေးသားထားသည်။

သူ၏ ခရီးစဉ်တွင် ဆော်လမွန်ကျွန်းစု၊ ကီရီဘာတီ၊ ဆာမိုအာ၊ ဖီဂျီ၊ တွန်ဂါ၊ ဗာနူအာတူ၊ ပါပူဝါနယူးဂီနီနှင့် အရှေ့တီမောအပါအဝင် ပစိဖိတ်ဒေသရှိ ကျွန်းနိုင်ငံအများအပြားကို ပါဝင်သည်။

အဆိုပြုထားသည့် ဘက်ပေါင်းစုံ နိုင်ငံစုံလုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ပျက်ပြားသွားသောကြောင့် ပစိဖိတ်ကျွန်းငယ်များကြားတွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် တရုတ်၏ အစီအစဉ်နှင့် ကြီးကျယ်လှသောစီမံမှုသည် တစ်စိတ်တစ်ပိုင်းမျှသာ ပြီးမြောက်ခဲ့သည် ဖက်ဘရီက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်ပြုလုပ်သော အစည်းအဝေးတွင် ပစိဖိတ်ကျွန်းနိုင်ငံများက တရုတ်အဆိုပြုသော ဒေသတွင်းစီးပွားရေးနှင့် လုံခြုံရေးသဘောတူညီချက်အတွက် လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။

အဆိုပါ ခရီးစဉ်သည် တရုတ်နှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို နက်ရှိုင်းစေကာ အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သို့သော် လုံလောက်သောယုံကြည်မှု မရရှိခဲ့ပေ။ နောက်ပိုင်းတွင် ပေကျင်းသည် ထိုနိုင်ငံများနှင့် ထိတွေ့ ဆက်ဆံမှုကို တက်ကြွစွာလုပ်ဆောင်နေကာ ထိုကြိုးပမ်းမှုများသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ပစိဖိတ် ကျွန်းနိုင်ငံများအကြားတွင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်ဖြစ်ကြောင်း ပြသရန် ရည်ရွယ်ချက်ဖြင့် ငွေလုံးငွေရင်းများကို အသုံးပြုကာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ရန် မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု Geopolitica.info ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပစိဖိတ်ကျွန်းနိုင်ငံများသို့ သွားနေစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်သည် ရုရှားထက်ပို၍ ဉာဏ်များပြီး ရေရှည်ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။

ဘလင်ကန်က တရုတ်နိုင်ငံသည် နိုင်ငံတကာစည်းမျဥ်းများကို ပြန်လည်ပုံဖော်ရန်နှင့် ထိုသို့လုပ်ဆောင်ရန် စီးပွားရေး၊ သံတမန်ရေးရာ၊ စစ်ရေးနှင့် နည်းပညာဆိုင်ရာ စွမ်းအားများကို မြှင့်တင်ရန် ရည်ရွယ်ချက်နှစ်ခုလုံးဖြင့် လုပ်ဆောင်နေသော တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required