ချယ်လ်ဆီးကို ၁၉ နှစ်ကြာ တာဝန်ယူအပြီး ရာထူးကနေ ဆင်းတော့မယ့် ဥက္ကဌ ဘရုစ်ဘက်ခ်၊ ဆက်ခံမယ့် တော့ဘိုလေ

ချယ်လ်ဆီးကို ၁၉ နှစ်ကြာ တာဝန်ယူအပြီး ရာထူးကနေ ဆင်းတော့မယ့် ဥက္ကဌ ဘရုစ်ဘက်ခ်၊ ဆက်ခံမယ့် တော့ဘိုလေ
Photo: EPA

ချယ်လ်ဆီးအသင်းဥက္ကဌ ဘရုစ်ဘက်ခ်ဟာ ဇွန် ၃၀ ရက်မှာ ရာထူးကနေ ဆင်းတော့မှာဖြစ်ပြီး တွဲဖက်အသင်းပိုင်ရှင် တော့ဘိုလေက သူ့နေရာကို ရယူမှာဖြစ်ပါတယ်။

၂၀၀၃ မှာ ရိုမန် အေဗရာမိုဗစ် ပိုင်ရှင်ဖြစ်လာပြီးကတည်းက ဥက္ကဌဖြစ်ခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် အမေရိကန်သား ဘက်ခ်ဟာ ပြီးခဲ့တဲ့လက ဘိုလေ ဦးဆောင်တဲ့ လုပ်ငန်းစုကနေ ကလပ်ကို လွှဲပြောင်းရယူပြီးနောက် ရာထူးဆက်လက်တာဝန်ယူဖို့ စဉ်စီခဲ့ပါတယ်။

ဦးတည်ချက်ပြောင်းလဲသွားတယ်ဆိုတာက ကလပ်ကို "စီနီယာ အကြံပေး"အဖြစ် အခုအခါ ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။

“အခုအချိန်က ရာထူးက ဆင်းဖို့ အချိန်ကောင်းပါ။ ပြီးတော့ ကျွန်တော်တို့မှာရှိနေတဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေပေါ်မှာ ပိုင်ဆိုင်မှုသစ်တွေကို တည်ဆောက်ကြပါစို့။”လို့ သူက ပြောပါတယ်။

"ပိုင်ရှင်တွေက ချယ်လ်ဆီးရဲ့ အနာဂတ်အတွက် စိတ်ဝင်စားဖွယ်ရှိတဲ့ မျှော်မှန်းချက်တစ်ခုရှိတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ မယုံနိုင်စရာ ဝန်ထမ်းတွေ၊ ကစားသမားတွေ၊ နည်းပြတွေနဲ့ အားပေးသူတွေနဲ့အတူ ဒီအခန်းကဏ္ဍသစ်မှာ သူတို့ကို အောင်မြင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။"

အမေရိကန် ရင်းနှီးမြုပ်နှံရှင် ဘိုလေနဲ့ ပုဂ္ဂလိက အစုရှယ်ယာကုမ္ပဏီ Clearlake Capital တို့ ဦးဆောင်တဲ့ လုပ်ငန်းစုထံကို ချယ်လ်ဆီးရဲ့ ပေါင် ၄.၂၅ ဘီလီယံ ရောင်းချခြင်းမှာ မေလ ၃၀ ရက်မှာ အပြီးသတ်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံထားရပြီး ယူကေအစိုးရက ပိတ်ဆို့အရေးယူမခံရခင် မကြာခင်မှာပဲ ပရီးမီးယားလိဂ်ကလပ်ကို ရောင်းချရဖို့ စီစဉ်ခဲ့တယ်လို အေဗရာမိုဗစ်က မတ်လက ပြောပါတယ်။

ပိတ်ဆို့အရေးယူမှုတွေမှာ ချလ်လ်ဆီးအသင်းကို တင်းကျပ်တဲ့ အပြောင်းအရွှေ့ပိတ်ပင်မှုအောက်မှာ ထားရှိခြင်းနဲ့ ကလပ်အသင်းကို ရောင်းချခွင့်ပြုခဲ့တဲ့ အထူးလိုင်စင်အောက်မှာ လုပ်ဆောင်ခဲ့ပါတယ်။

ဘက်ခ်ရဲ့ ဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း ချယ်လ်ဆီးအမျိုးသားအသင်းက အဓိကဆုဖလား ၁၈ ခုရရှိခဲ့ပြီး အမျိုးသမီးအသင်းက ဖလား ၁၂ ဆုရရှိခဲ့ပါတယ်။

Source: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly