တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နဂါးနီစစ်ကြောင်း တပ်ခွဲ(၁)တွင် တော်လှန်ရေးရဲဘော်များက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့ပွဲပြုလုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နဂါးနီစစ်ကြောင်း တပ်ခွဲ(၁)တွင် တော်လှန်ရေးရဲဘော်များက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့ပွဲပြုလုပ်

ဇွန်လ ၂၀ ရက်

ကရင်ပြည်နယ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နဂါးနီစစ်ကြောင်း တပ်ခွဲ(၁)မှ တော်လှန်ရေး ရဲဘော်များက ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်မြောက် မွေးနေ့ ပွဲကို ဇွန်လ ၁၉ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် တော်လှန်ရေးရဲဘော်များက အမေစုကျန်းမာပါစေကြောင်း မွေးနေ့ကိတ်ခွဲကာ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၁၉ ရက်နေ့တွင်ပြည့်မြောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏  အသက် (၇၇) နှစ် မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးရဲဘော်များက ဒိုက် (၇၇) ကြိမ်ထိုးကာ  မွေးနေ့လက်ဆောင် အဖြစ် ပေးအပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly