“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မဲ့ သံမဏိဓါး”ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၆၆ ရက်မြောက်ချီတက်

20 June 2022
“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မဲ့ သံမဏိဓါး”ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၆၆ ရက်မြောက်ချီတက်

ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၆၆ ရက်မြောက် အဖြစ် ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဒေသအတွင်းတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ကြားမှ “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မဲ့ သံမဏိဓါး” စာတန်းကိုကိုင်ဆွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြပြီး ကျဆုံးအာဇာနည်များကို အလေးပြုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဆားလင်းကြီးမြို့နယ်

#ရွာပေါင်းစုံသပိတ်စစ်ကြောင်း

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly