ဒီနွေရာသီမှာ အဲလ်ဗက်စ်နဲ့ မာဆယ်လိုကို ခေါ်ယူဖို့ ရည်မှန်းထားတဲ့ ဘရာဇီးအိုင်ကွန်နဲ့ ရီးယဲလ်ဗယ်လာဒိုလစ်ဥက္ကဋ္ဌ ရော်နယ်လ်ဒို

ဒီနွေရာသီမှာ အဲလ်ဗက်စ်နဲ့ မာဆယ်လိုကို ခေါ်ယူဖို့ ရည်မှန်းထားတဲ့ ဘရာဇီးအိုင်ကွန်နဲ့ ရီးယဲလ်ဗယ်လာဒိုလစ်ဥက္ကဋ္ဌ ရော်နယ်လ်ဒို
Photo: EPA

ဘာစီလိုနာဂန္ထဝင်ကစားသမား ဒန်နီ အဲလ်ဗက်စ်ဟာ ဘရာဇီးဂန္တဝင်ကစားသမားဟောင်း ရော်နယ်လ်ဒိုရဲ့ ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း မာဆယ်လိုနဲ့ ပူးပေါင်းနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဂန္ထဝင်တိုက်စစ်မှူးဟာ အခုအခါ ဆီဂွန်ဒါဒုတိယတန်းမှာ ဒုတိယနေရာရရှိပြီးနောက် လာလီဂါကို တန်းတက်လာနိုင်တဲ့ စပိန်ကလပ် ရီးယဲလ်ဗယ်လာဒိုလစ်ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အသက် ၃၉ နှစ်အရွယ် အဲလ်ဗက်စ်နဲ့ ၃၄ နှစ်အရွယ် မာဆယ်လိုတို့ကို ဗယ်လာဒိုလစ်မှာ တွဲဖက်ဖို့ မျှော်လင့်နေတာကြောင့် သူဟာ ရည်မှန်းချက်ကြီးကြီးမားမားထားနေတယ်လို့ ဘရာဇီးလ်မီဒီယာ UOL Esporte က ဖော်ပြခဲ့ပါတယ်။

အဆိုပါ နှစ်ဦးဟာ လက်ရွေးစင်အသင်းဖော်တွေဖြစ်ပေမယ့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ကြား အယ်လ်ကလက်စီကို ထိပ်တိုက်တွေ့ဆုံမှုတွေမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ကာလရှည်ကြာစွာ ပြိုင်ဘက်အသင်းတွေမှာ ရှိနေခဲ့ပါတယ်။

အဲလ်ဗက်နဲ့ မာဆယ်လိုတဲ့ဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ သက်ဆိုင်ရာ ကလပ်အသင်းတွေက စာချုပ်သက်တမ်းမတိုးတော့ဘဲ ထွက်ခွာသွားခဲ့ကြတာပါ။

ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ပေါင် ၂၅ သန်းတန်ကြေးရှိ ဗယ်လာဒိုလစ်အသင်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် ကလပ်ရဲ့ အဓိကပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

တိုက်စစ်မှူးဟောင်းသည် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘရာဇီးလ်အသင်းကြီး Cruzeiro ကို ဒီဇင်ဘာလမှာ ဝယ်ယူခဲ့ပါတ်။

တကယ်လို့ သူဟာ အဆိုပါနိုင်ငံတူကစားသမားနှစ်ဦးကို အံ့အားသင့်ဖွယ် တန်ကြေးရှိ စာချုပ်တွေနဲ့  ခေါ်ယူနိုင်ခဲ့ပါက အထူးသဖြင့် ဆုဖလားများရယူရာမှာ အတွေ့အကြုံများစွာရှိတဲ့ ကစားသမားနှစ်ဦးကို စာချုပ်မှာဖြစ်ပါတယ်။

မာဆယ်လိုဟာ မက်ဒရစ်မှာ ဆုဖလား ၂၅ လုံးရရှိခဲ့သလို အဲလ်ဗက်စ်ကလည်း ဘာစီလိုနာအတွက် ကစားစဉ် ဖလား ၂၆ လုံး ရရှိခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required