ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်မချုပ်ခင် မန်ယူနဲ့ ပြိုင်ဘက် ၃ သင်းကို ငြင်းပယ်ခဲ့တဲ့ ဗီနီစီးယပ်စ်

ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်မချုပ်ခင် မန်ယူနဲ့ ပြိုင်ဘက် ၃ သင်းကို ငြင်းပယ်ခဲ့တဲ့ ဗီနီစီးယပ်စ်
Photo: EPA

ဗီနီစီးယပ်စ် ဂျူနီယာဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ရာသီတစ်ခုအပြီးမှာ ရီးယဲလ်မက်ဒရစ်ရဲ့ ထိပ်တန်းဝင်ငွေအကောင်းဆုံးကစားသမားများထဲက တစ်ဦးဖြစ်လာဖို့ရှိပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ထံက ချဉ်းကပ်မှုတွေကို ပယ်ချခဲ့

ချန်ပီယံလိဂ် သူရဲကောင်း ဗီနီစီးယပ်စ်ဟာ ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်မချုပ်ဆိုခင် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ထံကနေ ချဉ်းကပ်တာတွေကို ပယ်ချခဲ့ပါတယ်။

စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းပုံစံအတွက် လေးနှစ်စာချုပ်ချုပ်ဆိုဖို့ရှိတာက ကလပ်ရဲ့ ထိပ်တန်းဝင်ငွေအကောင်းဆုံးကစားသမားတွေနဲ့အတူ အဆင့်တက်စေခဲ့ပါတယ်။ ဗီနီစီးယပ်စ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံး ရယူ နိုင်ခဲ့ပြီး ရီးယဲလ်အတွက် သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့ အသင်းဟာ ပြီးခဲ့တဲ့လက ပဲရစ်မှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့တုန်းက အဆိုပါတိုက်စစ်ကစားသမားက တစ်လုံးတည်းသော ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ဗီနီစီးယပ်စ်ရဲ့ စာချုပ်ဟာ ၂၀၂၄ မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာက အသက် ၂၁ နှစ်အရွယ်ကစားသမားကို စပိန်မြို့တော်ကနေ ထွက်ခွာသွားစေနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ဟာ တိုက်စစ်ကစားသမားကို သူတို့ရဲ့စိတ်ဝင်စားမှု စာရင်းမှာ ထည့်သွင်းထားပြီး ဒါပေမယ့် ကစားသမားဟာ စာချုပ်သက်တမ်းတိုးဖို့က သူ့ရဲ့ ဦးစားပေးဖြစ်တယ်လို့ မာကာက ဆိုပါတယ်။ အခုအချိန်မှာတော့ ရီးယဲလ်နဲ့ သဘောတူညီမှုရထားကြောင်း လာမယ့်လမှာ ထုတ်ပြန်ကြေညာဖို့ရှိနေတယ်လို့ သိရပါတယ်။

ပေါင်သန်း ၈၇၀ (ယူရို ၁ ဘီလီယံ) ရှိတဲ့ စာချုပ်လျော်ကြေးဟာ စာချုပ်သစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရီးယဲလ်အသင်ဟာ ၂၀၂၈ အထိ စာချုပ်သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေပေမယ့်လည်း လေးနှစ်စာချုပ်နဲ့အပေးအယူလုပ်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဗီနီစီးယပ်စ်ကို ခေါ်ယူဖို့အတွက် များပြားတဲ့ တစ်နှစ် လုပ်ခ ပေါင် ၃၄.၄ သန်း  စာချုပ်ချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်ခဲ့တယ်လို့ သတင်းတွေ ရှိခဲ့ပါတယ်။ ဒါဟာ ဗီနီစီးယပ်စ် ရီးယဲလ်မှာ ဆက်ရှိနေဖို့ သဘောတူညီထားတဲ့ တန်ကြေးထက် လေးဆကျော် ပိုများတယ်လို့ ဆိုပါတယ်။

ရီးယဲလ်ဟာ ဒီနွေရာသီမှာ ဗီနီစီးယပ်စ်ကို ရောင်းချဖို့ စဉ်းစားဖူးသလားလို့ မကြာသေးမီက မေးမြန်းခဲ့ရာမှာ ကလပ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။ သူက "ဘယ်သူကမှ ဗီနီစီးယပ်စ်ကို ရောင်းချင်မှာ မဟုတ်ပါဘူး။

“သူဟာ  ဘလွန်းဒီအောဆု ရဖို့ သေချာနေပြီလို့ ကျွန်တော်ထင်တယ်၊ [ကာရင်း] ဘင်ဇီမားက အခုဖြစ်လာမှာပါ။ အံ့သြဖွယ်ကောင်းမယ်လို့ ထင်တယ်။ ရီးယဲလ်လူငယ်အသင်းကို ရောက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကောင်လေးက အခု ကျွန်တော်တို့ သိတဲ့ သူတော့ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတယ်။ ဗီနီစီးယပ်စ် သက်တမ်းတိုးဖို့ ပြဿနာများရှိလား။ တစ်ခုမှ မရှိဘူး။ မက်ဒရစ်ကနေ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ သူ အမြဲတမ်းပြောပါတယ်။”

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ မန်ယူတို့ဟာ သူတို့ရဲ့ ချဉ်းကပ်မှုတွေ မအောင်မြင်တဲ့နောက် တခြားကစားသမားတွေဘက် မြှားဦးလှည့်သွားခဲ့ပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly