မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အိန္ဒိယရဲ့ ‘အရှေ့နဲ့ပူးပေါင်းဆောင်ရေး’မူဝါဒ ခေါ် ‘Act East’ Policy(ဆောင်းပါး)

20 June 2022
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အိန္ဒိယရဲ့ ‘အရှေ့နဲ့ပူးပေါင်းဆောင်ရေး’မူဝါဒ ခေါ် ‘Act East’ Policy(ဆောင်းပါး)

တစ်လောလေးက မြန်မာ့အိမ်နီးချင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံက လက်တလော မြန်မာနိုင်ငံမှာ မတရားသဖြင့် စစ်တပ်ကအာဏာသိမ်းထားတာအပေါ် နှုတ်ဆိတ်သလိုပြုမူနေမှုနဲ့ ပတ်သက်ပြီး ဆောင်းပါးတိုတစ်ပုဒ် ရေးသားခဲ့ပါတယ်။ ‘နွေဦးတော်လှန်ရေးကို သူတို့လျှော့တွက်ခဲ့လေသလား’လို့ စာရေးသူ ခေါင်းစဉ်ပေးခဲ့ပြီး အဲဒီ့ဆောင်းပါးမှာတော့ မြန်မာနိုင်ငံရေး အကြပ်အတည်း အပြောင်းအလဲတွေမှာ အိန္ဒိယနိုင်ငံရဲ့ရပ်တည်ခဲ့ပုံတွေအပြင် ကွန်မြူနစ် တစ်ပါတီအာဏာရှင်စနစ် တရုတ်နိုင်ငံနဲ့ပါ ချိတ်ဆက်သုံးသပ်ပြီး ဖော်ပြခဲ့ပါတယ်။ ခု ဒီဆောင်းပါးကိုလည်း အဲဒီ့ဆောင်းပါးအပေါ်အခြေခံရင်း ဆင့်ပွားလေ့လာဖတ်ရှုမိတာတွေနဲ့ ဆက်လက်ရေးသားဖြစ်တာပါ။ အဓိကကိုးကားမှာကတော့ The Indian Express မှာ အခုဇွန်လ ၃ ရက်နေ့က ဖော်ပြခဲ့တဲ့ Myanmar’s Internal Situation shouldn’t hobble India’s ‘Act East’ Policy ဆိုတဲ့ ဆောင်းပါးကို ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly