ပေကျင်းတွင် ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးကို တင်းကျပ်စွာလုပ်ဆောင်ရန် တရုတ်ဒုတိယ ဝန်ကြီးချုပ် တိုက်တွန်း

ပေကျင်းတွင် ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးကို တင်းကျပ်စွာလုပ်ဆောင်ရန် တရုတ်ဒုတိယ ဝန်ကြီးချုပ် တိုက်တွန်း

တရုတ်ဒုတိယဝန်ကြီးချုပ် ဆန်းချန်လန်က မြင့်တက်လာနေသော ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပေကျင်းမြို့တော်တွင် ခိုင်မာစေ့စပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင် ရန် ပြောကြားလိုက်သည်။

မြို့တော်ပေကျင်းသို့ စစ်ဆေးရေးခရီးစဉ်အတွင်း ဆန်းက ယခုကဲ့သို့မှာကြားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး ကူးစက်မှု လှိုင်းဒဏ်ခံရသော နေရာများသို့ သူမသွားရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်သည် ကူးစက်ရောဂါစုံစမ်းစစ်ဆေးခြင်းနှင့် ခြေရာခံခြင်းတွင် ဒေသဆိုင် ရာ ကြိုးပမ်းမှုများ၊ ကူးစက်မှုနှင့် ဆက်စပ်နေသော ကန့်သတ်ချက်များ ကြုံတွေ့ရနိုင်ခြေရှိသော လူတစ်ဦးချင်း စီအား ဖော်ထုတ်ခြင်းနှင့် အဓိကဖြစ်ပွားသည့်နေရာများကို စီမံခန့်ခွဲခြင်းတို့ကို လေ့လာခဲ့သည်။

တရုတ်ဒုတိယဝန်ကြီးချုပ်သည် ကိုဗစ်-၁၉ တုံ့ပြန်ရေးအတွက် ပေကျင်းရုံးချုပ်သို့ သွားရောက်ကာ ကူးစက် ပျံ့နှံ့မှုဆိုင်ရာ ပူးပေါင်းစုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ကြားနာခဲ့ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအမံများ အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော်ရေး အစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဇွန် ၁၃ရက်က ပေကျင်းမြို့တွင် ဘားဆိုင်မှ စတင်သည့် အုပ်စုလိုက်ကူးစက်သူ ၂၂၈ ဦးကို ရပ်ရွာ ၁၀ဝ တွင်တွေ့ရှိခြင်းကြောင့် ကျောင်းများကို လူကိုယ်တိုင်တက်ရောက်ရသည့်အတန်းများ ပြန်စခြင်းကို ရွှေ့ဆိုင်း လိုက်ကြောင်း ကွန်မြူနစ်ပါတီ၏ Global Times က ဖော်ပြခဲ့သည်။

ရုတ်တရက် ကူးစက်မှုပြန်လည်မြင့်တက်လာခြင်းကြောင့် မြို့တော်တာဝန်ရှိသူများက အားကစားပွဲများ အားလုံးကို ဖျက်သိမ်းခဲ့သည်။

ရောဂါပိုးသည် ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပြီး အုပ်စုအသီးသီးမှ လူများပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly