တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို သြဇာကြီးသည့် ဝန်ကြီးဟောင်းတစ်ဦး၏ သမီးက ဝေဖန်

တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို သြဇာကြီးသည့် ဝန်ကြီးဟောင်းတစ်ဦး၏ သမီးက ဝေဖန်

လူအများအပြား ဝေဖန်နေသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီး လျှိုရစ်ချင်၏ အငယ်ဆုံးသမီး လျှိုသန်သန်က ပြစ်တင်ပြောကြားလိုက်သည်။

'မားရှောက်လီ' သို့ ပေးပို့သည့် သန်သန်၏ စာကို ဟောင်ကောင်၏ ပင်မမီဒီယာမဟုတ်သည့် ဝက်ဘ်ဆိုက် များ၊ တရုတ်သတင်း YouTube လိုင်းများနှင့် telegram အုပ်စုများတွင် ကျယ်ကျယ်ပြန့်ပြန့်ဝေမျှခဲ့ကြပြီး ယင်းစာတွင် သူမက ရှီကို နာမည်မဖော်ပြပဲ ရှီ၏ ကိုဗစ်မူဝါဒကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ သည်။

လျှိုရစ်ချင်သည် တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၏ ပထမဆုံး ဝန်ကြီးဖြစ်ပြီး ၎င်းသည့် တရုတ်လုံခြုံရေးနှင့် ရဲဌာနကို တည်ထောင်ခဲ့သူအဖြစ် ဂုဏ်ပြုခံရသူဖြစ်သည်။

တရုတ်-အိန္ဒိယစစ်ဖြစ်ပွားချိန်တွင် ၎င်းသည် ၁၉၅၉ခုနှစ်မှ ၁၉၆၅ခုနှစ်အထိ ပူးတွဲစစ်ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လျှိုရစ်ချင်က ယဉ်ကျေးမှုတော်လှန်ရေးကို ဆန့်ကျင်သောကြောင့် ယဉ်ကျေးမှုတော်လှန်ရေးကာလ အတွင်း ရာထူးမှ ထုတ်ပစ်ခံခဲ့ရသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

'ပြင်းထန်သော ကင်းစင်ရေးမူဝါဒသည် ကျွမ်းကျင်သူများက ပြုစုထားသည့် ကိုဗစ်ရောဂါရှာဖွေခြင်းနှင့် ကုသ ခြင်းဆိုင်ရာ နဝမအကြိမ်ထုတ်ဝေမှု၏ အခြေခံအချက်များကို ချိုးဖောက်ခဲ့သည်။ ယင်းသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်၏ ဗီဇပြောင်းလဲခြင်းလက္ခဏာများနှင့် လိုက်လျောညီထွေမဖြစ်ဘဲ အခြေခံသိပ္ပံနည်းကျတွေးခေါ်မှုလည်း ကင်းမဲ့သည်” ဟု သန်သန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်ထိပ်တန်းခေါင်းဆောင်ရှီကျင့်ဖျင်က အာဏာကို စံချိန်တွင် တတိယသက်တမ်း ရယူရန်ကြိုးပမ်းချိန်တွင် မည်သည့်အခွင့်အရေးကိုမှ မယူလိုသောကြောင့် ကမ္ဘာ့စူပါပါဝါဖြစ်ရေးတရုတ်၏ မျှော်မှန်းချက်သည် အမြင်အားဖြင့် ခေတ္တရပ်တန့်သလိုဖြစ်နေသည်။

ယင်းမသေချာမရေရာမှု၏ ထင်သာမြင်သာဆုံးအချက်မှာ ကိုဗစ်ကင်းစင်ရေးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြဌာန်းထားသည့် ပြင်းထန်လွန်းသော ပိတ်ဆို့ကန့်သတ်မှုများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly