Shattered Dream

20 June 2022
Shattered Dream

ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲတွင် ပြည်တွင်း၊ ပြည်ပရှိ  Filmmakers ဒါရိုက်တာများသည် တော်လှန်ရေးကာလအတွင်း အခက်အခဲ စိန်ခေါ်မှုပေါင်းများစွာတို့ကို ကျော်ဖြတ်ပြီး ရုပ်ရှင်ဇတ်လမ်းတို (၁၀)ကားကို ရိုက်ကူးပါဝင်ခဲ့ပါသည်။  ထိုဇာတ်လမ်းတိုများအား ၁၇ ဇွန် ၂၀၂၂ မှ စတင်၍ နေ့စဉ် အောက်ပါ အင်တာနက်စာမျက်နှာ၊ မီဒီယာများနှင့် ဖေ့ဘွတ်စာမျက်နှာများတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး၊ ပထမဆုရ ဇာတ်လမ်းတိုအား ၂၈ ဇွန် ၂၀၂၂ တွင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

ဒီကနေ့မှာတော့ “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” အတွက် “ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ဓလေ့အားအဆုံးသတ်” ရုပ်ရှင်ဇာတ်လမ်းတို (၁၀)ခုမှ (၇) “ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ဓလေ့အားအဆုံးသတ်” ရုပ်ရှင်ဇတ်ကား ၇ ခုမြောက် ဖြစ်တဲ့ “Shattered Dream” ရုပ်ရှင်ဇာတ်လမ်းတိုကို ထုတ်လွှင့်လိုက်ပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းတိုကတော့ အာဏာသိမ်းပြီးနောက် လူငယ်ဓါတ်ပုံဆရာတစ်ယောက်မှ သတင်းထောက်တစ်ယောက်ဖြစ်လာဖို့ သူ့ရဲ့ အလုပ်ကိုစွန့်လွှတ်လိုက်တဲ့ အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေကြောင့် ဖမ်းဆီးခံရမှု နဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကို ကြုံတွေ့ကျော်ဖြတ်ပြီး လွှတ်မြောက်လာတာတာ နဲ့ နွေဦးတော်လှန်ရေးအတွက် ပုန်းအောင်းပြီး ဆက်လက်လှုပ်ရှားနေတဲ့ အကြောင်းဖြစ်ပါတယ်။ ဒီ လင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

#StopTortureEndImpunity
#ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ်-ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဓလေ့အားအဆုံးသတ် 
#InternationalDayinSupportofTortureSurvivors
#ညှဉ်းပန်းနှိပ်စက်ခံရသူများကိုကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့
#ReleaseAllPoliticalPrisoners
#နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွှတ်
#WhatsHappeningInMyanmar

https://fb.watch/dHQcO7tj38/ - A NARRATIVE WE LIVE
https://fb.watch/dJ8K4Q0I3P/- Darkness Room
https://fb.watch/dKnI9oGUaB/- Mom + Penal Code 50

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly