လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက် အထိမ်းအမှတ် ပုလဲမြို့နယ်လူထုသပိတ်စစ်ကြောင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက် အထိမ်းအမှတ် ပုလဲမြို့နယ်လူထုသပိတ်စစ်ကြောင်း

ဇွန်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့ တွင် လူထုသပိတ်ဆင်နွှဲခဲ့ကြောင်း သိရသည်။

"ဒီကနေ့ဟာ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံ ခေါင်းဆောင်များ၊ပြည်သူများ ကျဆုံးခဲ့ရသော သူရဲကောင်းများကို လေးစားဂုဏ်ပြုသောအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ် ပုလဲလူထုလှုပ်ရှားမှု ပြုလုပ်တာဖြစ်ပါတယ်။ ကျနော်တို့ပုလဲနယ်ကို အကြမ်းဖက်စစ်ကောင်စီက လူနေအိမ်ပေါင်း ၁,၇၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့တယ်၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ကျဆုံးဒဏ်ရာရသူ PDF ၊ ပြည်သူ ၁၀၀ ကျော်ခဲ့‌ပေမယ့် ကျနော်တို့ ပုလဲပြည်သူတွေက ကြောက်ရွံ့တုန်လှုပ်မနေတော့ဘဲ လူထုသပိတ်လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အခုလို ဆက်လက်တော်လှန်‌နေမှာ ဖြစ်ပါတယ်" ဟု ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင် သပိတ်ကော်မတီအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်မြောက်မွေးနေ့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပုလဲလူထု ပန်းသပိတ်လှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly