တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပ

19 June 2022
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ ကိုရီးယား-မြန်မာငြိမ်းချမ်းရေးစင်တာတွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏  ၇၇ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်၏  ၇၇ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ဒယ်ဂူးဘုန်းဘုန်းက ဦးဆောင်၍  ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ဒယ်ဂူးဘုန်းဘုန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပါစေကြောင်း မွေးနေ့ဆုတောင်းခြင်းကို ပြုလုပ်ခဲ့သလို အဓမ္မအာဏာသိမ်း ခံရပြီးနောက် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် တော်လှန်ပြည်သူများအတွက်လည်း ရည်စူး၍ ဆုတောင်း အမျှဝေခြင်းများပြုလုပ်ခဲ့သည်။

#Mizzima 
#တောင်ကိုရီးယားနိုင်ငံ
#ဒယ်ဂူးမြို့
#လူထုခေါင်းဆောင်
#ဒေါ်အောင်ဆန်းစုကြည်
#မွေးနေ့ကျင်းပ
#VideoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly