ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက်မွေးနေ့ အတွက် ဆွမ်းကပ်ခြင်းနှင့်အလှူခံခြင်းပြုလုပ် 

19 June 2022
ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက်မွေးနေ့ အတွက် ဆွမ်းကပ်ခြင်းနှင့်အလှူခံခြင်းပြုလုပ် 

နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၇ နှစ်မြောက်မွေးနေ့တွင် ဆရာတော်ကို ဆွမ်းကပ်ခြင်းနှင့် နွေဦးတော်လှန်ရေးအတွက် အလှူငွေကောက်ခံခဲ့ကြောင်း သိရသည်။ 

နယ်သာလန်နိုင်ငံ ဘရေဒါမြို့ရှိ ဒေါက်တာအရှင်စန္ဒာဝရ(နယ်သာလန်ဆရာတော်)ကျောင်းတွင် ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံသားများစုပေါင်းပြီး ဆွမ်းကပ်လှူဒါန်းခြင်း နှင့် ဝဝစားများများလှူ အစီစဉ်မှ ရရှိသည့် ငွေကြေးများကို နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်သည်။
#Mizzima
#နယ်သာလန်နိုင်ငံ
#ဘရေဒါမြို့
#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#မွေးနေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly