"ငါတို့အားလုံး အကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓါး"ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

19 June 2022
"ငါတို့အားလုံး အကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓါး"ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “ သွေးမအေးသည့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၁၅ ရက်မြောက်နေ့အဖြစ် ယနေ့ ဇွန်လ ၁၉ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇နှစ်မြောက်မွေးနေ့တွင် "ငါတို့အားလုံး အကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓါး" စာသားပါ ဘန်နာကို ကိုင်ဆွဲကာ နယ်မြေဒေသ မတည်ငြိမ်မှုကြားမှ သပိတ်မှောက်ခဲ့သည်ဟု သိရသည်။

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း

#ချီတက်သပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly