ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ ဒမ်ဘီလီ အဆင်သင့်ဖြစ်နေပေမယ့် ဘာစီလိုနာကြယ်ပွင့်ကတော့ အရန်ခုံမှာ မထိုင်ချင်သလို ပွဲထွက် အာမခံချက်လည်း လိုချင်နေ

ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ ဒမ်ဘီလီ အဆင်သင့်ဖြစ်နေပေမယ့် ဘာစီလိုနာကြယ်ပွင့်ကတော့ အရန်ခုံမှာ မထိုင်ချင်သလို ပွဲထွက် အာမခံချက်လည်း လိုချင်နေ
Photo: EPA

အူစမာနီ ဒမ်ဘီလီဟာ ချယ်လ်ဆီးရဲ့ အပြောင်းအလဲမှာ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်နေပေမယ့် အရန်ခုံကနေ ထိုင်ကြည့်နေဖို့ကိုတော့ ငြင်းဆိုထားပါတယ်။

နည်းပြ သောမတ်တူချယ်လ်က အင်တာမီလန်ကို ပြန်လည်ရောက်ရှိဖို့ နီးစပ်နေတဲ့ ရိုမီလူလူကာကူ နေရာမှာ အသက် ၂၅ နှစ်အရွယ် ဘာစီလိုနာတိုက်စစ်မှူးကို အစားထိုးဖို့အတွက် ခေါ်ယူလိုတာဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ပြင်းပြတဲ့ ရည်မှန်းချက် ရှိနေပါတယ်။

ဒါပေမယ့် သူက ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ကစားတစ်ယောက်ဖြစ်ပြီး  အလှည့်ကျမဖြစ်ရဘူးလို့ တူချယ်လ်ဆီက အာမခံချက်လိုချင်နေပါတယ်။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ၉ ပွဲသာ မိနစ် ၉၀ ပြည့်ကစားခဲ့ပေမယ့် လာလီဂါမှာ ဂိုးဖန်တီးမှု အများဆုံး ၁၃ ကြိမ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

၂၇  ပွဲပါဝင်ကစားထားတဲ့ ပြင်သစ်ကြယ်ပွင့်ဟာ နူးကမ့်မှာ နောက်ဆုံး သုံးရာသီမှာ ကစားခဲ့တဲ့ပွဲတွေရဲ့ ၄၁ ရာခိုင်နှုန်းပဲရှိတာကြောင့် စိတ်ပျက်နေခဲ့ပါတယ်။

သူဟာ တူချယ်လ်အတွက် ဒေါ့မွန်အသင်းမှာ ကစားခဲ့ပြီး နည်းပြက သူ့ကို "ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေး" ရှိသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဂျာမနီမှာ ဒမ်ဘီလီရဲ့ အထင်ကြီးစရာပုံစံက သူ့ကို ပေါင် ၁၃၈ သန်းနဲ့ ဘာကာကို ပြောင်းရွှေ့စေခဲ့ပြီး ကနဦး ပေါင် ၉၇ သန်း ပေးချေခဲ့ပါတယ်။

လူကာကူဟာ ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်းနဲ့ အင်္ဂလန်ကနေ ထွက်ခွာသွားပြီးနောက် ၁၂ လအကြာ အင်တာမီလန်ရဲ့ ပေါင် ၈ သန်း အငှားနဲ့ ကမ်းလှမ်းတာကို ချယ်လ်ဆီးက ပယ်ချခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အစားထိုးခေါ်ယူဖို့ ပြောင်းရွှေ့ကြေးအတွက် နှစ်ဆကျော်လိုချင်ပေမယ့် လူကာကူကို လက်လွှတ်ဖို့ စိတ်ကူး ကြံဆနေတာပါ။

ဒမ်ဘီလီဟာ ဂန္တဝင်နံပါတ် ၉ လို လူကာကူနေရာ အစားထိုးဖို့ မဟုတ်ပေမယ့်လည်း ပစ်မှတ်တစ်ခုဖြစ်ပါတယ်။

Ref;  The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly