ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသပိတ်ကော်မတီမှဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏(၇၇)နှစ် မြောက် မွေးနေ့ကျင်းပ

19 June 2022
ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသပိတ်ကော်မတီမှဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏(၇၇)နှစ် မြောက် မွေးနေ့ကျင်းပ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းပိတ်ကော်မတီမှဦးဆောင်၍ (၇၇) နှစ်မြောက် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းက လူထုအင်အားများစွာဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အတွက်  မွေးနေ့ကိက်ခွဲခြင်း၊ မွေးနေ့ဆုမွန်ကောင်းများတောင်း ခြင်းအပြင် အခြားအစီစဉ်များဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။
“အမေစုကျန်းမာပါစေကြောင်း ကျွန်တော်တို့သပိတ်စစ်ကြောင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်” ဟု သပိတ်ကော်မတီကဆိုသည်။
စစ်ကောင်စီက အဓမ္မအာဏာသိမ်းယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို  မတရားဖမ်းဆီးခဲ့သည်မှာ ရက်ပေါင်း ၅၀၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
Photos -AungKhantZaw

#Mizzima
#စစ်ကိုင်းတိုင်း 
#နိုင်ငံခေါင်းဆောင်
#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
#ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသပိတ်ကော်မတီ
#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly