“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

19 June 2022
“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ဇွန်လ ၁၉ ရက်နေ့ တွင် ကျရောက်သည့် ၇၇ နှစ်ပြည့် မွေးနေ့တွင် ရန်ကုန်အခြေစိုက်သပိတ်ကော်မတီများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ လမ်းမတစ်နေရာတွင် “ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။

ထို့အပြင် ရန်ကုန်အခြေစိုက်သပိတ်ကော်မတီများ ပူးပေါင်းအဖွဲ့သည် အကြမ်းဖက် စစ်တပ်၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေး အကျဉ်းသားများနှင့် ပြည်သူများစွာ အတွက် “ဖမ်းဆီးခံ နိုင်/ကျဉ်းများအား ချက်ခြင်းလွှတ်” အစရှိသည့်ကြွေးကြော်သံများ ကိုလည်း ဟစ်ကြွေးကာ လူထုတစ်ရပ်လုံးသွေးမအေးစေရန် လှုံ့ဆော်မှုများပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို Yangon Revolution Force - YRF (Soft Strike Community) ၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ Revolution Force - RF၊ နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့ ပူးပေါင်းချီတက်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

#Mizzima

#ရန်ကုန်

#ဦးအောင်ဆန်းသမီး

#ဒေါ်အောင်ဆန်းစုကြည်

#မွေးနေ့

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#ချီတက်သပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly