PDF ရဲဘော်များက ရှေ့တန်းတစ်နေရာတွင် သေနတ်များ ပစ်ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ကို ကြိုဆို

19 June 2022
PDF ရဲဘော်များက ရှေ့တန်းတစ်နေရာတွင် သေနတ်များ ပစ်ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ကို ကြိုဆို

မဇ္ဈိမ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီနယ် အခြေပြုလှုပ်ရှားနေသည့် New Light Generation PDF ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံဘဝနှင့် ဖြတ်သန်းနေရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို သေနတ်များ ပစ်ဖောက်ကာ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ကြိုဆိုခဲ့ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ချစ်ခင်သူများက မွေးနေ့ပွဲများ ကျင်းပပေးကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပေးခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံနေရခြင်းဖြစ်ပြီး အမှုပေါင်း ၁၉ မှုနှင့် တရားရင်ဆိုင်နေရကာ လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည်။

မွေးနေ့ကို အကျဉ်းစံဘဝဖြင့် ဖြတ်သန်းနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးတွင် အပတ်စဉ် ရုံးထုတ်စစ်ဆေးလေ့ရှိသော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရပေ။#mizzima
#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#၇၇နှစ်မြောက်မွေးနေ့
#သေနတ်များပစ်ဖောက်
#ကြိုဆို

Video -New Light Generation PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly