ချင်းပြည်နယ်အတွင်းရှိ နတ်ဆိုးကြီးများ အဖွဲ့ဆိုသည်မှာ စကစသာဖြစ်ကြောင်း CDM စစ်သားပြော

ချင်းပြည်နယ်အတွင်းရှိ နတ်ဆိုးကြီးများ အဖွဲ့ဆိုသည်မှာ စကစသာဖြစ်ကြောင်း CDM စစ်သားပြော

ဇွန်လ ၁၈ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့များတွင်ဖွဲ့စည်းထားသည့် နတ်ဆိုးကြီးများအဖွဲ့ဆိုသည်မှာ စစ်ကောင်စီတပ်မှ ဆက်သွယ်ရေးတပ်ရင်းမှူး ကိုယ်တိုင်ဦးဆောင်သည့် အဖွဲ့ဖြစ်ကြောင်း CDM စစ်သားတစ်ဦးက ဖွင့်ဟပြောသည်။

ဟားခါးမြို့တွင် ဒုတိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် အထက်ပါ ဆက်သွယ်ရေးတပ်ရင်းမှူးမှနေ၍ ညအချိန်တွင် စာများလိုက်လံကပ်ကြခြင်း ဖြစ်သည်ဟု၎င်းက ဆိုသည်။

မဇ္ဈိမသို့ဖြေကြားခဲ့သည့် CDM စစ်သားမှာ အဆိုပါ ဆက်သွယ်ရေးတပ်ရင်းမှူး၏ ယာဉ်မောင်းဖြစ်ခဲ့သူ CDM စစ်သားလည်းဖြစ်သည်။

အဆိုပါတပ်ရင်းမှူးနှင့် CDM စစ်သား ယာဉ်မောင်းတို့နှစ်ဦးသည် ညချိန်များတွင်ကားဖြင့် ဟားခါးမြို့အတွင်း စာများလိုက်လံကပ်ခဲ့ရသည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly