ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံး

ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံး

ဇွန်လ ၁၈ ရက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ အနီးတွင် ပတ်ကင်းလှည့်လည် နေသည့် စစ်ကောင်စီတပ်ကို  ဇွန်လ ၁၇ ရက်နေ့ ညနေ ၂ နာရီ ခန့်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး သေဆုံး ကာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း KLG PDF  တာဝန်ရှိသူထံက သိရသည်။

" ဘန့်ဘွေးကျေးရွာမှာ ခန့်မှန်း စစ်အင်အားက ၇၀ လောက်ရှိတယ်။ ကင်းလှည့် ထွက်လာတာကတော့ ၁၅ ယောက် ရှိမယ်ဗျ။  အဲ့ဒီ ကင်းလှည့်ထွက်လာတဲ့ စစ်သား တွေကို ပထမဆုံး မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ လက်နက်ကြီး ၊ လက်နက် ငယ်တွေနဲ့ မိနစ် ၂၀ လောက်ပစ်ခတ် ထိတွေ့မှု ဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်သား ငါး ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့တယ်" ဟု KLG PDF မှ ရဲဘော် AT က ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် KLG (PDF) ၊ ချိုမိုင်မိုင် အဖွဲ့နှင့် ဒေသတွင်း မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည် ။

စစ်ကောင်စီတပ်က ဘန့်ဘွေးကျေးရွာ ကို ဇွန်လ ၁၇ ရက်နေ့က စစ်အင်အား ထပ်မံ တိုးချဲ့ထားပြီး ပြည်သူများထံမှ အဆမတန် အခွန်ကောက်ခံနေကြောင်း သိရသည်။

ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ လေးလ ခန့်ရှိနေပြီး ကျေးရွာနေ ပြည်သူဦးရေ ၁,၀၀၀ ခန့်မှာ စစ်ရှောင်နေရကြောင်း သိရသည် ။ စစ်ရှောင်ကာလ ကြာမြင့်နေသည့် ဘန့်ဘွေးကျေးရွာရှိ ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများစွာရှိနေကြာင်း စစ်ရှောင်ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly