ရေစကြိုမြို့ ရဲစခန်းက နယ်ထိန်း ဦးနိုင်မင်းထွဋ် ခေါင်ဆိုသူ ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီးခေါ် ဆောင်စဥ် သေဆုံး

ရေစကြိုမြို့ ရဲစခန်းက နယ်ထိန်း ဦးနိုင်မင်းထွဋ် ခေါင်ဆိုသူ ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီးခေါ် ဆောင်စဥ် သေဆုံး

ဇွန်လ ၁၈ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ်(၈)သုခဝတီရပ်ကွက်နေ နယ်ထိန်း နိုင်မင်းထွဋ်ခေါင် ဆိုသူအား ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၁၂နာရီ ၄၀မိနစ်အချိန်ခန့်တွင် သွားရောက်ဖမ်းဆီးခေါ်ဆောင်လာစဥ် သေဆုံးသွားသည်ဟု MGN TIGER အဖွဲ့ထံက သိရသည်။

၎င်းသည် ရေစကြိုမြို့ရဲစခန်းတွင် နယ်ထိန်းတာဝန်ကျနေသူဖြစ်ပြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဆက်ကြေးကောက်ခံမှုများပြုလုပ်လျက်ရှိသောကြောင့် သွားရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့သူ့ကိုဓားနဲ့ အရင်ထောက်ဖမ်းတယ်။ နားထင်တစ်ချက်၊ ဇက်ပိုးတစ်ချက်ထိတယ်။ ကျွန်တော်တို့ဆီရောက်တော့ စစ်မေးနေရင်းနဲ့သွေးထွက်လွန်ပြီးသေသွားတယ်"ဟု MGN Tiger အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါရဲစခန်းမှ နယ်ထိန်းတာဝန်ကျသူ ဦးနိုင်မင်းထွဋ်ခေါင်ကို ဆက်ကြေးလိုက်ကောက်သည့် ရွာတစ်ရွာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ပစ္စည်းတချို့လည်း သိမ်းဆည်းရမိထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly