ထိုင်ဝမ်ရေလက်ကြား၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း တရုတ်၏ အခိုင်အမာပြောကြားချက်သည် စစ်ရေးရည်မှန်းချက်ကို ဖော်ပြနေ

ထိုင်ဝမ်ရေလက်ကြား၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း တရုတ်၏ အခိုင်အမာပြောကြားချက်သည် စစ်ရေးရည်မှန်းချက်ကို ဖော်ပြနေ

ထိုင်ဝမ်နှင့် တရုတ်တို့အကြား ရေပိုင်နက်ဖြစ်သော ထိုင်ဝမ်ရေလက်ကြားကို ပိုင်ဆိုင်ကြောင်း တရုတ်၏ ပြောဆိုချက်ကို ဇွန် ၁၄ရက်တွင် ထိုင်ဝမ်က ပယ်ချလိုက်သည်။

ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာဥပဒေအရ နိုင်ငံတကာရေပိုင်နက်အဖြစ် သတ်မှတ်ထားကြောင်း ထိုင်ဝမ် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဂျိုးနီအောင်းက ပြောကြားခဲ့သည်။

“နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ နိုင်ငံခြားသင်္ဘောတွေရဲ့ လုပ်ဆောင်မှုတွေကို ကျွန်မတို့အစိုးရအနေနဲ့ အမြဲလေးစားပါတယ်” ဟု အောင်းက တိုင်ပေတွင် သတင်းထောက်များအား ပြော ကြားခဲ့သည်။

'အမေရိကန်က ဆောင်ရွက်တဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာမှု လှုပ်ရှားမှုတွေက ဒေသတွင်း ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို မြှင့်တင်ပေးတဲ့အတွက် ဒီလှုပ်ရှားမှုတွေကို နားလည်ထောက်ခံပါတယ်' ဟု သူမက ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားကို ပိုင်ဆိုင်ကြောင်းပြောကြားလိုက်သည့် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်း၏ မကြာသေးမီက မှတ်ချက်များသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း သူမက ပြောကြားသည်။

ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲထွက်မရနိုင်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဇွန် ၁၃ ရက်က သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်းက ပြောကြားခဲ့သည်။

ဝမ်၏မှတ်ချက်များသည် 'ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့သည်' ဟု အောင်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်ကွန်မြူနစ်ပါတီ (CCP) က မည်သည့်အခါကမှ အုပ်ချုပ်ခဲခြင်းမရှိသလို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းလည်း မဖြစ်ခဲ့ဘူးဘဲ ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားနေသော်လည်း ထိုင်ဝမ်နိုင်ငံသား ၂၃ သန်းခန့်ကမူ အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီဘဝနေနည်းများကို စွန့်လွှတ်ရန် ဆန္ဒမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly