ကျောက်ကြီးမြို့နယ် ကျောက်စရစ်ရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

18 June 2022
ကျောက်ကြီးမြို့နယ် ကျောက်စရစ်ရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ KNU တပ်မဟာ (၃) နယ်မြေ ၊ကျောက်ကြီးမြို့နယ်ရှိ ကျောက်စရစ်ရွာမှ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ဇွန်လ ၁၇ ရက် နံနက် ၅ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံက သိရသည်။

" စစ်ကောင်စီ ဘက်က နှစ်ယောက်သေပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။ စကစ (စစ်ကောင်စီတပ်သား)တွေ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတယ်။ ဘုန်းကြီးတွေကိုထိမှာစိုးလို့ ဆက်မပစ်ဘဲ KNUနဲ့PDFတွေနောက်ဆုတ်လိုက်ပါတယ်။ KNU နဲ့ PDFတွေဘက်က တစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်" ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျောက်စရစ်ရွာသည် ကျောက်ကြီးမြို့အနောက်တောင်ဘက် ၁၅မိုင်အကွာတွင် တည်ရှိပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များသည် ကျောက်စရစ်ရွာပြင်ရှိ တပ်စခန်းအပြင် ရွာထဲရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားခြင်း ဖြစ်သည်ဟု ဆိုသည်။

KNUနှင့်PDF ပူးပေါင်းအဖွဲ့များ ပြန်ဆုတ်သွားချိန်တွင် စစ်ကောင်စီတပ်သားများမှ လက်နက်ကြီးဖြင့် ပစ်ခက်ကာ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများထိုးနေသောကြောင့် တိုက်ပွဲဖြစ်ပွားရာကျေးရွာအနီးရှိ ရွာများမှ ဒေသခံများမှာ ထွက်ပြေတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Video - စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရစဉ်

#Mizzima

#ပဲခူးတိုင်း

#ကျောက်ကြီးမြို့နယ်

#ကျောက်စရစ်ရွာ

#KNUတပ်မဟာ(၃)နယ်မြေ

#စစ်ကောင်စီတပ်စခန်း

#တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly