အိမ်မှုကိစ္စမလုပ်သည့် ဇနီးကို ခင်ပွန်းက တရားစွဲ

အိမ်မှုကိစ္စမလုပ်သည့် ဇနီးကို ခင်ပွန်းက တရားစွဲ

ရောမ၊ ဖေဖေဝါရီ ၈ ။           ။ လင်မယားဆိုတာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုရိုးရှိတယ် မဟုတ်လား။ တစ်အိုးတစ်အိမ် ထူထောင်ကြတဲ့အခါ ကိုယ်စီကိုယ်ငှ တာဝန်မယူကြဘူးဆိုရင် အချစ်ဝင်ရမယ့် အစာ အပြစ်မြင်စရာ တွေက များလာတတ်ပါတယ်။ အီတလီက ခင်ပွန်းသည် တစ်ယောက်ကတော့ ဇနီးဖြစ်သူကို အိမ်မှု ကိစ္စတွေ မလုပ်တဲ့အတွက် ရုံးတော်ကို ဦးတိုက်လျှောက်ထား တရားစွဲတဲ့အခါမှာ အာဏာပိုင်တွေက အမှုကို ကြားနာစစ်ဆေးဖို့ သဘောတူလိုက်ကြပါတယ်။

စွဲချက်ကတော့ မိသားစုကို ဆိုးရွားစွာ ဆက်ဆံမှုပါတဲ့။ တကယ်လို့ အပြစ်ရှိကြောင်း ထင်ရှားခဲ့ ရင် ထောင် ၆ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်တော့ အသေးအဖွဲလို့တော့ သဘောထားလို့ မရပါဘူး။

ဒီအမည်မဖော်လိုသူ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ လင်ယောကျာ်းက အသက် ၄၀ အရွယ်ရဲ့ မလှုပ်မချောက် အမူအရာနဲ့ အိမ်ရဲ့ မသန့်ရှင်းတဲ့ အခြေအနေကြောင့် သူ့မှာ အစော်ကားခံလာနေခဲ့ ရတာ နှစ်နှစ်နီးပါး ရှိပြီလို့ ပြောပါတယ်။  

ဇနီးလုပ်သူက သူ့ကို ချက်ပြုတ်ကျွေးမွေးခြင်း အလျဉ်းမရှိတဲ့အပြင် ရံဖန်ရံခါညများမှာ အိပ်ရာ ထဲကနေလည်း ကန်ထုတ်တတ်သေးတယ်လို့ ဆိုပါတယ်။ ဒီစုံတွဲက ရောမမြို့ အရှေ့တောင်ဘက် ဆုန်နီနိုမှာ နေထိုင်နေကြတာဖြစ်ပြီး အမှုကိုတော့ အောက်တိုဘာလမှာ ကြားနာစစ်ဆေးမယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly