မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချဟု ထိုင်းကလည်း ထုတ်ပြန်

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချဟု ထိုင်းကလည်း ထုတ်ပြန်

ဘန်ကောက်ပို့စ်၊ ဖေဖော်ဝါရီ ၈ ။          ။ မြောက်ကိုရီးယား၏ တာဝေးဒုံးကျည်ပစ်လွတ်မှုကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်မှုအဖြစ် နိုင်ငံတကာ၏ ရှုတ်ချမှုတွင် ထိုင်းကလည်း ဖေဖော်ဝါရီ ၈ တွင် ပါဝင်လာသည်။ လုံခြုံရေးကောင်းစီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုအသစ်များ ချမှတ်မည်ဟု ကတိပြု ထားသည်။

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ကြောင်း သိရသည့်အတွက် အထူးပင် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားရန် ဆန္ဒရှိသည်ဟု ဖေဖော်ဝါရီ ၈ က နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ကြေညာ ချက်တစ်ခုတွင် ဖော်ပြထားသည်။ မြေကမ္ဘာလေ့လာရေး ဂြိုဟ်တုတစ်ခုကို ပစ်လွှတ်သည်ဟုမြောက်ကိုရီးယားက ပြောကြားသည့်တိုင်ယင်းမှာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။

ယခုကဲ့သို့ အပြုအမူမှာ မြောက်ကိုရီးယား၏ ဆက်လက် လုပ်ဆောင်နေသည့် နျူကလီးယား အစီအစဉ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို ဂရုမစိုက်ကြောင်း ပြသနေသည်ဟု ကြေညာ ချက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် တိုက်တွန်းရင်း ထိုင်းအနေဖြင့် ဇန်နဝါရီ ၆ က ၎င်း၏ ရပ်တည်ချက်ကို ထပ်မံပြောကြား လိုပြီး မြောက်ကိုရီးယား၏ နျူအရေးအတွက် ခြောက်နိုင်ငံအစည်းအဝေးကို စောစီးစွာ ကျင်းပရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ပစ်လွှတ်မှုကို လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၇ တွင် တစ်ညီတစ်ညွတ် တည်း ရှုတ်ချခဲ့သည်။ ဇန်နဝါရီလက ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲသည်ဟု မြောက်ကိုရီး ယားက ပြောကြားပြီးနောက် ဖေဖော်ဝါရီက မြောက်ကိုရီးယား၏ ပစ်လွှတ်မှု ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်သော မြောက်ကိုရီးယား၏ အန္တိမရည်ရွယ်ချက်မှာ နျူလက်နက်တပ် ဒုံးကျည်များကို အမေရိကန်နိုင်ငံအထိ ပစ်လွှတ်နိုင်ရေး ဖြစ်သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမှ တောင်ကိုရီးယားနှင့် ဂျပန်အပါအဝင် မဟာမိတ်နိုင်ငံ များ၏ လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် အမေရိကန်၏ ကတိကဝတ်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ဖေဖော်ဝါရီ ၇ က ထပ်မံ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးစမ်းသပ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး စနစ်ချထားရေး ဝါရှင်တန်နှင့် ဆွေးနွေးပွဲအသစ်များ ပြုလုပ် ကြောင်း ဆိုးလ်က ထုတ်ဖော်ပြောကြားခဲ့ရာ ယင်းသို့ စနစ်များချထားရေးကို တရုတ်နှင့် ရုရှားတို့က ချက်ခြင်း ကန့်ကွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly