ထိုင်ဝမ်ငလျင် သေဆုံးသူ ၁၀၀ ကျော်လာနိုင်

ထိုင်ဝမ်ငလျင် သေဆုံးသူ ၁၀၀ ကျော်လာနိုင်

တိုင်ပေ၊ ဖေဖော်ဝါရီ ၈ ။              ။ ထိုင်ဝမ်တွင် ငလျင်ကြောင့် ပြိုကျသည့် အဆောင်အအုံတွင်းမှ နာရီ ၆၀ ကျော်ကြာ ပိတ်မိနေ သူများမှ ရှစ်နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် အဒေါ်ဖြစ်သူတို့ကို အပြိုအပျက်များအောက်မှ အသက် ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

ယခုငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ ကျော်လာနိုင်ကြောင်း တိုင်နန်းမြို့တော်ဝန်က သတိပေးထားသည်။ တရားဝင်ထုတ်ပြန်ထားချက်များအရ သေဆုံးသူဦးရေသည် ၃၈ ဦးအထိ ရှိပြီး ပျောက် ဆုံးနေသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိနေသည်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်အစ ဖေဖော်ဝါရီ  ၆ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ငလျင် လှုပ်သွားခဲ့ခြင်း ဖြစ်သည်။ တိုင်နန်းမြို့က အဆောက်အအုံတစ်ခု ပြိုကျရာတွင် အသေအပျောက် အများဆုံး ဖြစ်သည်။

ယင်းအထပ် ၁၇ ထပ်အဆောက်အအုံ အပျက်အစီးများအောက်တွင် ကယ်ဆယ်ရေးကို ပစ်မှတ်ထား ဆောင်ရွက်လျက်ရှိပြီး ၁၀၀ ကျော်နည်းပါးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယင်းအပျက်အ စီးများအောက်တွင် ပိတ်မိနေဖွယ် ရှိနေသည်။

ယင်းအဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်ကာ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှု လုပ်ဆောင်နေသည်။

အချို့သတင်းများတွင် အဆောက်အအုံကြမ်းခင်းများထဲတွင် ဆီထည့်သည့် သံဗူးများ ထည့်သွင်း မြုပ်နှံထားသည်ကို တိုက်အပြိုအပျက်ဓာတ်ပုံများအရ သိရသည်။ မြို့တော်ဝန် ဝီလီယမ်လိုင်းက အဆောက်အအုံတည်ဆောက်ရေးတွင် စည်းမျဉ်းချိုးဖောက်မှုများ ရှိနေကြောင်း ပြောသော်လည်း အသေးစိတ်ကို ပြောကြားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly