'နိုင်ငံရေးနဲ့ စီးပွားရေးဖိအားတွေ'ကြောင့် အမ်ဘာပေ 'စိတ်ရှုပ်ထွေးခဲ့တယ်'လို့ ပီရက်ဇ် ပြော

'နိုင်ငံရေးနဲ့ စီးပွားရေးဖိအားတွေ'ကြောင့် အမ်ဘာပေ 'စိတ်ရှုပ်ထွေးခဲ့တယ်'လို့ ပီရက်ဇ် ပြော
Photos: EPA

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ကိုင်လီယန် အမ်ဘာပေဟာ "နိုင်ငံရေးနဲ့ စီးပွားရေးဖိအားတွေ"အောက်မှာ ပြင်းထန်စွာ ဖိအားပေးခံရပြီးနောက် သူဟာ "စိတ်ရှုပ်ထွေး"နေခဲ့တာကြောင့် ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် အနာဂတ်မှာ အမ်ဘာပေကို ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ ပီရက်ဇ်က အသက် ၂၃ နှစ်အရွယ် ကစားသမားကို တံခါးဖွင့်ထားခဲ့ပါတယ်။

“ဒီ အမ်ဘာပေက ကျွန်တော့် အမ်ဘာပေ မဟုတ်ပါဘူး”လို့ ပီရက်ဇ်က ဆိုပါတယ်။ "ဒါပေမယ့် သူပြောင်းလဲသွားရင် ဘယ်သူသိနိုင်မလဲ။ ဘဝက အလှည့်အပြောင်းများပါတယ်။"

အမ်ဘတ်ပီဟာ ပြီးခဲ့သည့်လက ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ ရီးယဲလ်မက်ဒရစ်ကို ငြင်းဆိုခဲ့ပြီး လစာ ယူရို သန်း ၄၀ ကနေ ၅၀ ကြား (ဒေါ်လာ ၄၁ ဒသမ ၆ သန်း မှ ၅၂ သန်း) ကြားနဲ့ ပီအက်စ်ဂျီမှာ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ ရွေးချယ်ခဲ့ပါတယ်။

"သူတို့က သူ့ကို ဘောလုံးအသင်းမှာသာမက စီမံခန့်ခွဲရေးမှာပါ ခေါင်းဆောင်ဖြစ်လာဖို့ အခွင့်အရေးကို လက်တွေ့ကျကျ ကမ်းလှမ်းခဲ့ပါတယ်"လို့ ပီရက်ဇ်က စပိန်ရုပ်မြင်သံကြားအစီအစဉ် El Chiringuito ကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ခေါ်လိုတဲ့ အမ်ဘာပေ မဟုတ်ခဲ့ဘူးဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပေမယ့် ဒါဟာ သူ့အိပ်မက်တွေကို ပြောင်းလဲစေခဲ့တဲ့ ဖိအားကြောင့်ပါပဲ။

"နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတက ကောင်လေးတစ်ယောက်ကို ခေါ်ရင် သူ့အပေါ် သက်ရောက်မှုရှိမှာ သေချာပါတယ်... အဲဒါက သူ့ကို အများကြီး လွှမ်းမိုးခဲ့တယ်။ ဒါပေမယ့် ဇီဒန်းလိုပဲ ရီးယဲလ်မက်ဒရစ်မှာ မင်းအောင်မြင်နိုင်သလို မင်းနိုင်ငံရဲ့သမ္မတအတွက် ဂုဏ်ယူစရာအရင်းအမြစ်တစ်ခုဖြစ်လာမှာပါ"

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ Qatar Sports Investments ဥက္ကဌ အယ်လ်ခီလိုင်ဖီတို့ ပါဝင်မှုကြောင့် အမ်ဘာပေဟာ ပြင်သစ်နှင့် ကာတာနိုင်ငံရေးဖိအားများကြောင့် အများစုလွှမ်းမိုးခံရတယ်လို့ ပီရက်ဇ်က ယုံကြည်နေပါတယ်။

“သူ့ကို အထိခိုက်ဆုံး ဖိအားက နိုင်ငံရေးလို့ ကျွန်တော်ထင်ပါတယ်”လို့ ပီရက်ဇ်က ပြောပါတယ်။

“ဒါက ငွေနဲ့ ခေါင်းဆောင်မှု ကမ်းလှမ်းမှုတွေက သူ့ကို စိတ်ပြောင်းစေတယ်။ ခက်ခက်ခဲခဲ ကြုံခဲ့ရတယ်။ မင်း ထိတ်လန့်သွားတဲ့အခါ တတ်နိုင်သမျှ မြန်မြန်ထွက်ဖို့ ကြိုးစားတယ်၊ ဒါကို ငါ နားလည်နိုင်တယ်။ ငါနားမလည်နိုင်တာက စပိန်ဘုရင်က ကစားသမားတစ်ယောက် ဆက်နေသင့်တယ်လို့ သူ့ကို ပြောပေးဖို့ စပိန်ကလပ်အသင်းတသင်းကို တောင်းဆိုမယ် ဆိုတာပဲ။

“အဲဒီမှာ ပါဝင်တဲ့ အခြေအနေနှစ်ခုရှိပါတယ်၊ တစ်ခုက ကာတာဖြစ်ပြီး နောက်တစ်ခုကတော့ ပြင်သစ်ဖြစ်ပါတယ်”လို့ ပီရက်ဇ်က ဆက်ပြောပါတယ်။ "ကျွန်တော် ဒီကို ၂၀၀၀ ပြည်နှစ်ကတည်းက ရောက်ခဲ့ပြီး နိုင်ငံတစ်ခုရဲ့ သမ္မတက ကစားသမားကို ခေါ်တာ တစ်ခါမှ မမြင်ဖူးပါဘူး။ မင်းက ဇီဒန်း ဒါမှမဟုတ် ဘန်ဇီမားတို့လိုကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်နိုင်ပြီး ပြင်သစ်မှာ မကစားလည်းရနိုင်ပါတယ်။”

အနာဂတ်မှာ အမ်ဘာပေ ပြောင်းရွှေ့မှုနဲ့ ပတ်သတ်ပြီး ဒုတိယတစ်ခေါက် မေးမြန်းရာမှတော့ ပီရက်ဇ်က "ကျွန်တော် အေးအေးဆေးဆေး ခင်ဗျားကို ပြောတာပါ၊ ဘဝက မပြီးသေးပါဘူး။"

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ဟာလန်းကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေလည်း ပြုလုပ်ခဲ့ပေမယ့် အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ချိန်မှာတော့ ဟာလန်းဟာ မန်ချက်စတာစီးတီးကို ရောက်ရှိလာခဲ့ပါတယ်။

"ဒါနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး (ဘန်ဇီမား) ရှိပြီးသားမို့လို့ ဒီအခြေအနေဟာ ဟာလန်းနဲ့ မလိုက်ဖက်ပါဘူး"လို့ ပီရက်ဇ်က ပြောပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required