ကာမ စိတ်ကြွဆေးကိုလည်း မူးယစ်ဆေးဝါးလို အရေးယူပေးစေချင်ပါတယ်

ကာမ စိတ်ကြွဆေးကိုလည်း မူးယစ်ဆေးဝါးလို အရေးယူပေးစေချင်ပါတယ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျော်တံတားမြို့နယ်မှာနေတဲ့ ကိုမင်းလွင် ရေးလိုက်တဲ့ မေးလ်တစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာထဲမှာပါတဲ့ အကြောင်းအရာ ကတော့ တရားမဝင် ကာမစိတ်ကြွဆေးနဲ့ စိတ်ငြိမ်ဆေးများ ရောင်းချနေတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသက် ၂၅ နှစ်အရွယ် လုပ်ငန်း ခွင်ဝန်နေတဲ့ ဘွဲ့ရလူငယ်တစ်ဦးဖြစ်ပြီး နေ့စဉ် သတင်းစာဖတ်လေ့ ရှိသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါ တယ်။ မနေ့က သတင်းစာထဲမှာ သူဖတ်လိုက်ရတဲ့ ရန်ကုန်တိုင်းအတွင်း ကျပ်သိန်းလေးရာကျော်ဖိုး ဖမ်းမိဆိုတဲ့ သတင်းကို ဖတ်မိလို့ စာရေးချင်စိတ် ဖြစ်ပေါ်လာလို့ ရေးပို့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းထဲမှာ အဆိုပါဆေးဝါးတွေကို တိုင်းအစိုးရအဖွဲ့က စီမံချက်နဲ့ နှစ်စဉ် ပုံမှန် စစ်ဆေးလေ့ ရှိပေမယ့် ဖမ်းဆီးရရှိမှု နည်းပါးတာကြောင့် အခုနှစ် ဇန်နဝါရီလကုန်မှာ အစားသောက်နဲ့ ဆေးဝါးကြီး ကြပ် ကွပ်ကဲမှု ဦးစီးဌာနနှင့် ပူးပေါင်းပြီး လိုက်လံစစ်ဆေးတဲ့အခါ မြို့တွင်း ခြောက်မြို့နယ်မှာရှိတဲ့ ဆေးကုမ္ပဏီများ၊ ဆေးဆိုင်များနဲ့ ဆေးသိုလှောင်ရုံများကို လိုက်လံ စစ်ဆေးခဲ့ရာမှာ တစ်ပတ်အတွင်း ကျပ်သိန်းလေးရာကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဖတ်လိုက်ရတယ်လို့ ပြောပါတယ်။

ဖမ်းမိခဲ့တဲ့ တရားမဝင် ကာမစိတ်ကြွဆေးနဲ့ စိတ်ငြိမ်ဆေးတွေကို လမ်းမကြီးတွေပေါ်မှာ ဈေးဗန်းခင်းပြီး ရောင်းနေတာ တွေ့ရတာ ကြာပါပြီ။ အထူးသဖြင့် လူမျိုးခြားတွေ ရောင်းချတက်တဲ့ ကွမ်းယာ ဆိုင်တွေမှာလည်း ဝယ်လို့ရတယ်ဆိုတာ လူငယ်၊ လူကြီး အမျိုးသားတွေ သိထားကြပါတယ်။

မြို့လယ်ကောင် လမ်းမတွေပေါ်မှာ ရောင်းနေတာကို တစ်နှစ်မှာ ဘယ်နှစ်ခါ ဖမ်းတယ်ဆိုတဲ့ စီမံချက် မဟုတ်ဘဲ အမြဲတမ်း သတိနဲ့ စောင့်ကြည့်ပြီး အရေးယူပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယူးယစ်ဆေးဝါးလိုပဲ ဒီဆေးတွေက အန္တရာယ်ရှိနေပါတယ်။ လူတွေရဲ့ စိတ်ကို မကောင်းမှုမှာပဲ မွေ့လျော်ပြီး ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အခြေအနေမျိုးတွေအထိ ပေါ်ပေါက်လာပြီး အမျိုး ကောင်း သားသမီးတွေအနေနဲ့ ပျက်စီးကြရတဲ့အထိ သူ့ပတ်ဝန်းကျင်မှာ မြင့်တွေ့နေရလို့ ဒီစာကို ရေးခဲ့တာပါလို့ ရေးပါတယ်။ စစ်ဆေးမှုတွေကို သြင်္ကန်ကာလအထိ ပြုလုပ်မယ် ဖတ်ရတော့ သြင်္ကန် ကျော်ရင် အရေးမယူတော့ဘူးလားလို့လည်း သိချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံနဲ့ လူမျိုးအတွက် ထိခိုက်နစ်နာမယ်ဆိုတာ သိရင် အမြန်ဆုံနဲ့ အထိရောက်ဆုံး အရေးယူပေးစေလိုကြောင်း ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly