တရုတ်သမ္မတရှီသည် အတိုက်အခံများကို ရှင်းလင်းထားခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင် အခက်အခဲမရှိနိုင်

တရုတ်သမ္မတရှီသည် အတိုက်အခံများကို ရှင်းလင်းထားခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင် အခက်အခဲမရှိနိုင်

တရုတ်သမ္မတရှီကျင့်ဖျင်သည် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် သိသိသာသာ ထိန်းချုပ်ထားရင်း တရုတ် ကွန်မြူနစ်ပါတီအတွင်း အတိုက်အခံများနှင့် အုပ်စုကွဲများကို ဆယ်စုနှစ်ကြာ ဖယ်ရှားခဲ့သောကြောင့် တတိယ သက်တမ်းယူမည့် ၎င်း၏လမ်းတွင် စိန်ခေါ်မှုများ ရှိမည်မဟုတ်ကြောင်း တရုတ်ဆိုင်ရာ သုတေသနအဖွဲ့ MERICS ၏ နောက်ဆုံးသုံးသပ်ချက်၌ ဖော်ပြထားသည်။

ရှန်ဟိုင်း၊ ပေကျင်းနှင့် တခြားတရုတ်မြို့ကြီးများတွင် ပြင်းထန်သော အသွားအလာပိတ်ဆို့မှုများကြောင့် ပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးများမရနိုင်ဘဲ အိမ်များထဲတွင် သီတင်းပတ်ပေါင်းများစွာ နေရကာ ဆန္ဒပြမှုများဖြစ်ပေါ်စေခဲ့သလို အာဏာပိုင်များနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်လာခဲ့သည်။

သို့သော် နိုင်ငံ၏ ပဲ့ကိုင်ရှင်အဖြစ် တတိယသက်တမ်း တာဝန်ထမ်းဆောင်မည့် သမ္မတရှီကျင့်ဖျင်က ဆိုးရွားသောဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကြမ်းတမ်းသောအစီအမံများလိုအပ်ကြောင်း ပြည်သူများအား အတင်းအကျပ် ဖိအားပေးခဲ့သည်။

ဝန်ကြီးချုပ်လီခဲ့ချန်သည် မကြာမီအနားယူတော့မည်ဖြစ်သော်လည်း ကိုဗစ်ကြောင့် စီးပွားရေး အခြေအနေ ဆုတ်ယုတ်နေသဖြင့် ရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို မထိခိုက်စေဘဲ စီးပွားရေးကို မူလအခြေသို့ပြန်ရောက် စေရန် တာဝန်ပေးခံထားရသည်။

မတည်မငြိမ်ဖြစ်လာပြီး ခန့်မှန်းရခက်လာသော နိုင်ငံတကာအခြေအနေများရှိသော်ငြား တည်ငြိမ်မှုရရှိစေရန် တရုတ်သည် ရုရှားကဲ့သို့ စီးပွားရေးအရအရေးယူခံရမည့်ပစ်မှတ်ဖြစ်လာပါက ပြည်တွင်းမျက်နှာစာတွင် ကြိုတင်ပြင်ဆင်မှုများ စတင်ထားပြီဖြစ်သည်။ အတိအကျဆိုရပါက လွန်ခဲ့သော ၃ လ ကဖြစ်သည့် မတ်လကတည်းက တရုတ်သည် အနောက်နိုင်ငံများ၏ ထိုသို့သောအရွေ့ကို တုံ့ပြန်မည့်ပုံစံကို လေ့ကျင့်ခဲ့သည်။

တရုတ်သည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒလမ်းကြောင်းကို အရှိန် ၂ ဆမြှင့်ခဲ့ပြီး အနောက်တိုင်းကို ဆန့်ကျင်သော ရုရှားနှင့်ပေါင်းစည်းမှုကို ပြန်လည်စဉ်းစားမည့် အရိပ်လက္ခဏာမတွေ့ရပေ။

ဥပမာ သမ္မတဘိုင်ဒင်က တိုကျိုတွင် Quad အဖွဲ့ဝင်များဖြစ်သည့် ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် တရုတ်က အရှေ့တရုတ်ပင်လယ်ပြင်တွင် ရုရှားနှင့် နှစ်စဉ် ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုကို ပုံမှန်ထက်စော၍ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly