တရုတ်အစိုးရက ရှင်ကျန်းတွင် လေဆိပ်အသစ်တည်ဆောက်လိုက်ခြင်းအပေါ် အငြင်းပွားစရာများဖြစ်နေ

တရုတ်အစိုးရက ရှင်ကျန်းတွင် လေဆိပ်အသစ်တည်ဆောက်လိုက်ခြင်းအပေါ် အငြင်းပွားစရာများဖြစ်နေ

ရှင်ကျန်းဒေသတွင် တရုတ်တည်ဆောက်လိုက်သော လေဆိပ်အသစ်သည် ကာကွယ်ရေး၊ တိုက်ခိုက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် အခြားရည်ရွက်ချက်များရှိ၊ မရှိကို အငြင်းပွားစရာများ ဖြစ်ပေါ်လာစေသည်။

တရုတ်သည် ရှင်ကျန်းဒေသရှိ တာ့ရှ်ကာဂန်မြို့ ကုန်းမြင့်အရပ်၌ စစ်ဘက်နှင့်လေယာဉ်ကွင်းအတွက် နှစ်မျိုးသုံးတည်ဆောက်မှုကို ပြီးစီးသွားပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးသတင်းဌာန Reportika က ဖော်ပြခဲ့သည်။

တာ့ရှ်ကာဂန်လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃ ၂၅၈ မီတာတွင် တည်ရှိကာ တရုတ်နိုင်ငံ၏ အမြင့်ဆုံးအရပ်ရှိလေဆိပ်တစ်ခုဖြစ်ပြီး ရှင်ကျန်းတွင် ပထမဆုံးသော ကုန်းမြင့်လေဆိပ်ဖြစ်သည်။ လေဆိပ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အပြီးဖွင့်လှစ်ရန် မျှော်မှန်းထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ပြည်ပတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခွင့်ပြုမည့် စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများဆိုင်ရာ စည်းမျဉ်းများကို လက်မှတ်ရေးထိုးပြီးနောက် ယခု အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရှီသည် ဇွန် ၁၅ ရက်နေ့တွင် စတင်အသက်ဝင်မည့် အဆိုပါညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့သော်လည်း ညွှန်ကြားချက်အပြည့်အစုံကိုမူ ဖော်ပြခြင်းမရှိပေ။ 

အစီရင်ခံစာများအရ တရုတ်အစိုးရသည် ၂၀၁၆ ခုနှစ်မှစ၍ ဝီဂါမွတ်စလင် ၁ သန်းကျော်ကို ပြန်လည်ပညာပေးရေးစခန်းများတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

အဆိုပါပြန်လည်ပညာပေးရေးစခန်းများ၏ ရည်ရွယ်ချက်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ အတွေးအခေါ် အယူအဆကို လိုက်နာကျင့်သုံးစေရန်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် အတင်းအကျပ်အလုပ်ခိုင်းစေခြင်း၊ မွေးဖွားမှုထိန်းချုပ်ခြင်းများကို စနစ်တကျလုပ်ဆောင်ခြင်း၊ နှိပ်စက်ခြင်းနှင့် ကလေးများကို
အကျဉ်းကျနေသောမိဘများနှင့်ခွဲထားခြင်းတို့ကို ကျူးလွန်နေကြောင်း စွပ်စွဲပြောဆိုခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly