တရုတ်က ကိုဗစ်-၁၉ ကူးစက်မှုအတွက် သတိပေးချိန်တွင် ရေနံဈေး ကျဆင်း၊ ငွေကြေးဖောင်းပွမှု စိုးရိမ်စရာဖြစ်လာ

တရုတ်က ကိုဗစ်-၁၉ ကူးစက်မှုအတွက် သတိပေးချိန်တွင် ရေနံဈေး ကျဆင်း၊ ငွေကြေးဖောင်းပွမှု စိုးရိမ်စရာဖြစ်လာ

တရုတ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် အတိုးနှုန်း တိုးမြှင့်မည်ကို စိုးရိမ်နေစဉ် ပေကျင်းမြို့၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု ပြန်လည်များပြားလာခြင်းကြောင့် ဖိအားများထပ်မံတိုးလာချိန်တွင် တရုတ်ရေနံဝယ်လိုအား ပြန်လည်ကောင်းမွန်လာမည့် မျှော်လင့်ချက်ကျဆင်းခဲ့ခြင်းကြောင့် ဇွန် ၁၃ရက်တွင် ရေနံတစ်စည်ဈေးနှုန်း ၂ ဒေါ်လာ အထိ ကျဆင်းသွားခဲ့သည်။

ပေကျင်း၏ လူဦးရေအများဆုံးခရိုင် ချောင်ယန်တွင် ပြီးခဲ့သည့်သီတင်းပတ်ကပေါ်ပေါက်ခဲ့သော ပြင်းထန် သော ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အစုလိုက်အပြုံလိုက် စမ်းသပ်မှု ၃ ကြိမ်ပြုလုပ်ခဲ့သည်။ အစုလိုက် အပြုံလိုက်စမ်းသပ်မှုကို ဇွန် ၁၅ရက်ထိ ပြုလုပ်မည်ဖြစ်သည်။

Brent ရေနံစိမ်းအညွှန်းကိန်းသည် ၁ ဒသမ ၅၄ ဒေါ်လာ သို့မဟုတ် ၁ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၄၇ သို့ ကျဆင်းသွားခဲ့ပြီး အမေရိကန်အနောက်တက္ကဆက်ရေနံစိမ်း အညွှန်းကိန်းသည် ဒေါ်လာ ၁ ဒသမ ၈၂ သို့မဟုတ် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၈၅ သို့ ကျဆင်းသွားခဲ့သည်။

'တာဝန်ရှိသူများက ပေကျင်းမြို့တွင် ကိုဗစ်ဗိုင်းရပ်စ်'ပြင်းပြင်းထန်ထန်' ပျံ့နှံ့မှုသတိပေးချက်များ ထုတ်ပြန် ခြင်းကြောင့် လက်ရှိဈေးနှုန်းကျဆင်းမှုသည် ပိုမိုဆိုးရွားလာကာ ဝယ်လိုအား ချက်ချင်းပြန်လည် ကောင်းမွန် လာနိုင်မှုအပေါ် သံသယရှိကြောင်း ရေနံပွဲစားကုမ္ပဏီ PVM မှ ဗာဂါက  ပြောကြားခဲ့သည်။

မေလက အမေရိကန်စားသုံးသူဈေးနှုန်းအညွှန်းကိန်း ၈ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်မှုကို ဖော်ပြသည့် ဇွန်လ ၁၀ရက်က အမေရိကန် ငွေကြေးဖောင်းပွမှု အချက်အလက်များကြောင့် ပိုများလာနိုင်သည့် အတိုးနှုန်း တိုးမြှင့် ခြင်းနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများက ရေနံဈေးနှုန်းကို ကျဆင်းစေပြီး ဘဏ္ဍာရေးဈေးကွက်များကို ဝန်ပိစေ ခဲ့သည်။

အမေရိကန်ဗဟိုဘဏ်က မူဝါဒကို အချိန်ကြာမြင့်စွာ တင်းကျပ်မှုကြောင့် စီးပွားရေးနှေးကွေးသွားနိုင်ကြောင်း အချက်အလက်များက ဈေးကွက်များကို သတိပေးနေသည်။

ဇွန်လ ၁၅ရက်တွင် အမေရိကန်ဗဟိုဘဏ်က မူဝါဒဆိုင်ရာ နောက်ထပ် ဆုံးဖြတ်ချက်တစ်ခုချမှတ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly