ပြည်နယ်ပြင်ပတွင် ရော်ဘာရောင်းချရန် ကြိုးစားသည့် လာအို လယ်သမားကို တရုတ်ရော်ဘာ ကုမ္ပဏီက ဖမ်းဆီး

ပြည်နယ်ပြင်ပတွင် ရော်ဘာရောင်းချရန် ကြိုးစားသည့် လာအို လယ်သမားကို တရုတ်ရော်ဘာ ကုမ္ပဏီက ဖမ်းဆီး

လာအိုနိုင်ငံ ကျေးလက်ဒေသရှိ တရုတ်ပိုင် ရော်ဘာကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများက ရော်ဘာပင်များကို ဈေးပိုမြင့်စွာဖြင့် အခြားဝယ်သူထံ ရောင်းချရန် ကြိုးစားနေသည့် ဒေသခံ ရော်ဘာပင်စိုက်ပျိုးသူတစ်ဦးကို တရားမဝင် တားမြစ်ခဲ့ကြောင်း လာအိုမှ သတင်းရင်းမြစ်များက RFA သို့ ပြောကြားခဲ့သည်။

ကျုံးထန်လူရဲသည် တရုတ်နှင့် နယ်နိမိတ်တစ်လျှောက် မြောက်ပိုင်းဖုန်ဆလေပြည်နယ်၊ခွာခရိုင်တွင် ရော်ဘာ သန့်စင်သည့် စက်ရုံကို ဖွင့်လှစ်ထားသည်။

ကုမ္ပဏီသည် အဆိုပါဒေသရှိ ရော်ဘာပင် တောင်သူများနှင့် စာချုပ်ချုပ်ဆိုကာ စိုက်ပျိုးစရိတ်ချေးငွေကို ထောက်ပံ့ပေးခဲ့သည်။

သဘာဝရော်ဘာတစ်ကီလိုဂရမ်လျှင် လယ်သမားများကို ဝ ဒသမ ၅၆ ဒေါ်လာ ပေးရသည်။ ထွက်ရှိသည့်ရော်ဘာအချို့အတွက် ဒေသခံတောင်သူများနှင့် စာချုပ်များချုပ်ဆိုထားသော်လည်း ပေါက်ဈေး ၂၅ ရာခိုင်နှုန်းခန့် ပိုမြင့်မားသည့် အနီးနား အော်ဒိုမေးပြည်နယ်တွင် ကျန်ရော်ဘာများကို ရောင်းချခြင်းမပြုရန် တားမြစ်ခွင့်မရှိပေ။

ရော်ဘာကုမ္ပဏီမှ အလုပ်သမားများက ရာဘာစိမ်းများ တင်ဆောင်လာသည့် ကားတစ်စီးကို မြို့တွင်းမှ ထွက်ခွာခြင်းမပြုရေး တားဆီးရန် လမ်းကို ပိတ်ဆို့ထားကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ရွာသားတစ်ဦးက RFA လာအိုသို့ ပြောကြားခဲ့သည်။

“ယာဉ်မောင်းက စာချုပ်ချိုးဖောက်ပြီး ထွက်ကုန်တွေကို အော်ဒိုမေးပြည်နယ်ကို ပေးပို့ရောင်းချ နေတယ်လို့ သူတို့က ထင်ပါတယ်။ ပြီးတော့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ တခြားရွာသားတွေဆီကနေလဲ သူက ဝယ်ဖို့ ကြိုးစားနေတယ်လို့ ထင်နေပါတယ်” ဟု ရွာသားတဦးက ပြောကြားခဲ့သည်။

“အဲဒါကြောင့် သူတို့က ကားကို ရပ်တန့်ပြီး အနီးနားက သူတို့ရဲ့ အလုပ်စခန်းကို ခေါ်သွားပါတယ်။ ပုံမှန်အားဖြင့် အမှားအယွင်း တစ်ခုခုရှိလုပ်မှ ကားကို ရပ်ခိုင်းပြီး ခရိုင်ရဲစခန်းကို ခေါ်သွားသင့်တာပါ” ဟု ၎င်းက ပြောသည်။

ရဲများက စစ်ဆေးရန် အလုပ်စခန်းကို လာပြီးနောက်ပိုင်းမှာ ကားမောင်းသူကို ပြန်လွှတ်ပေးရန် ကုမ္ပဏီကို အမိန့်ပေးခဲ့သည်။

ရဲတပ်ဖွဲ့က ဝန်ထမ်းများကို ခွင့်ပြုချက်မရှိဘဲ လမ်းပိတ်သည့်အတွက် ဒဏ်ရိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly