ဘာစီလိုနာကနေ ဒုတိယအကြိမ် ထွက်ခွာတဲ့ ဒန်နီအဲလ်ဗက်

ဘာစီလိုနာကနေ ဒုတိယအကြိမ် ထွက်ခွာတဲ့ ဒန်နီအဲလ်ဗက်
Photo: EPA

ဒန်နီအဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ နှစ်က ဘာစီလိုနာကို ပြန်လာပြီးနောက် ဒုတိယအကြိမ်အဖြစ် ထွက်ခွာမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ရာသီကုန်အထိ ကာလတိုစာချုပ်နဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလက ဘာစီလိုနာကို ပြန်လည်ရောက်ရှိလာခဲ့ပြီး စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

“ကျွန်တော့်ကို ဒီကလပ်ကိုပြန်လာဖို့နဲ့ ဒီလို ထူးခြားတဲ့ ဂျာစီအင်္ကျီကို ထပ်ဝတ်ခွင့်ရတဲ့အတွက် ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော် ဘယ်လောက်ပျော်နေလဲမသိဘူး” လို့ ဘရာဇီးလက်ရွေးစင်ကစားသမားက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ .

အဲလ်ဗက်စ်ဟာ ဘာစီလိုနာအတွက် စုစုပေါင်း ၄၀၈ ပွဲ ကစားခဲ့ပြီး ၃၉၁ ပွဲမှာ ၂၀၀၈-၂၀၁၆ အထိ သူရဲ့ ပထမဆုံးသော ဘာကာနဲ့ ပွဲအရေအတွက်ဖြစ်ပါတယ်။

အဲဒီပထမဆုံးသော ဘာစီလိုနာမှာ သူဟာ လာလီဂါဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်နဲ့ ကိုပါဒယ်ရေးဖလား လေးကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲလ်ဗက်စ်ဟာ ဒီနှစ်နှောင်းပိုင်းမှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်လူစာရင်းမှာ ပါဝင်နေဆဲဖြစ်ပြီး ဒီလအစောပိုင်းက ဂျပန်နှင့် တောင်ကိုရီးယားတိုနဲ့ ခြေစမ်းပွဲတွေမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly