စစ်ကောင်စီလက်ထက် ချွတ်ခြုံကျလာတဲ့ မြန်မာ့စီးပွားရေး(ဆောင်းပါး)

16 June 2022
စစ်ကောင်စီလက်ထက် ချွတ်ခြုံကျလာတဲ့ မြန်မာ့စီးပွားရေး(ဆောင်းပါး)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေး အလားအလာ ခန့်မှန်းချက်မှာ မြန်မာ့စီးပွား ရေးအခြေအနေကို မခန့်မှန်းတော့ဘဲ ချန်ထားခဲ့တာ တွေ့ရပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေး တိုးတက်မှုအခြေအနေကို ကမ္ဘာ့ဘဏ်က နှစ်စဉ် ဇွန်လမှာ ထုတ်ပြန်ပေးနေတာဖြစ်ပြီး ဒီနှစ်မှာတော့ မြန်မာ့ စီးပွားရေး အခြေအနေ သုံးသပ်မှုကို ချန်ထားခဲ့တာပါ။ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အကျပ်အတည်း ဆိုက်နေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြင့်မားလွန်းတဲ့ မသေချာမရေမှုတွေကြောင့် စီးပွားရေး အလားအလာကို မခန့်မှန်းနိုင်တော့ဘဲ ချန်လှပ်ခဲ့ရတာလို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဒါဟာ တာလီဘန်တွေ သိမ်းပိုက်ထားတဲ့ အာဖကန်နစ္စတန်၊ ဆယ်စုနှစ်နဲ့ချီပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် တို့ပြီးရင် မြန်မာနိုင်ငံအနေနဲ့ ပထဆုံးချန်လှပ်ခံရမှုလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေအတွင်း စီးပွားရေး အလားအလာ ခန့်မှန်းချက် ကနေ ဖယ်ထုတ်ခံရတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly