အခွင့်အရေးများ ချိုးဖောက်ခံရခြင်းအတွက် အာဖဂန်အမျိုးသမီးများက တာလီဘန်ကို ဆန္ဒပြ

အခွင့်အရေးများ ချိုးဖောက်ခံရခြင်းအတွက် အာဖဂန်အမျိုးသမီးများက တာလီဘန်ကို ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံ၏ အစိုးရဌာနအဖွဲ့အစည်းများမှ အမျိုးသမီးများ ဖယ်ထုတ်ခံရခြင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးများ ချိုးဖောက်ခံနေရခြင်းအပေါ် ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့် ဇွန် ၉ ရက်တွင် အာဖဂန်အမျိုးသမီးအုပ်စုတစ်စုက ကဘူးလ်မြို့၌ တာလီဘန်တို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အာဖဂန်နစ္စတန်၏ အစိုးရဌာနများ၌ အမျိုးသမီးများ အလုပ်လုပ်ကိုင်နိုင်ရေး” ဆိုသည့် ခေါင်းစဉ်အောက်တွင် အဆိုပါ အုပ်စုက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသမီးများကို အလုပ်သို့ ပြန်လာခွင့်ပြုရေး တာလီဘန်တို့ကို တိုက်တွန်းခဲ့ကြောင်း Tolo News က ဖော်ပြသည်။

အစိုးရ အင်စတီကျူးရှင်းများ၌ အမျိုးသမီးများကို ဆက်လက် အလုပ်လုပ်ခွင့် ပေး၊ မပေး ဆိုသည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း တာလီဘန်အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ထားသော်ငြား ၎င်းတို့၏ ကံကြမ္မာမှာ မရေမရာ ဖြစ်နေဆဲ ဖြစ်ကြောင်း ဆန္ဒပြအမျိုးသမီးများက ပြောသည်။

“အလုပ်မခိုင်းခံရတဲ့အပြင် အမျိုးသမီးဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်နေရာတွေမှာ အရေအတွက် လျှော့ချခံရတာ ဒါမှမဟုတ် လူစားထိုးခံရတာတို့ကို ကြုံတွေ့ထားခဲ့ရပါတယ်။ အမျိုးသားဝန်ထမ်း အလုပ်နေရာတွေ ရှိနေတာနဲ့လည်း သက်ဆိုင်ပါတယ်။ ဆိုတော့ အမျိုးသမီးဝန်ထမ်းတွေဟာ သူတို့ရဲ့ လစာတွေ ရဖို့တောင် မမျှော်မှန်းနိုင်ဘဲ ဖြစ်နေပါတယ်” ဟု အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် ဆမ်မီရာ အဇာမီက ပြောသည်။

၎င်းတို့သည် ၁၀ လကြာ အလုပ်လုပ်၍ မရနိုင်ဘဲ ဖြစ်ခဲ့ကာ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါ ဆန္ဒပြအမျိုးသမီးများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly