တရုတ် ခါးပတ်လမ်းရပ်ဝန်း၏ ပထဝီဝင်နိုင်ငံရေး စာအုပ်အသစ်

တရုတ် ခါးပတ်လမ်းရပ်ဝန်း၏ ပထဝီဝင်နိုင်ငံရေး စာအုပ်အသစ်

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာများကို အထူးပြုဖော်ပြထားသည့် စာအုပ် ကို Routledge စာအုပ်ထုတ်ဝေရေးကုမ္ပဏီက အောက်စဖို့(ဗြိတိန်) နှင့် နယူးယောက် (အမေရိကန်) တို့မှ ၂၀၂၂ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ' ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း - ပထဝီဝင်နိုင်ငံရေးနှင့် ပထဝီဝင် စီးပွားရေးဆိုင်ရာ ရှုထောင့်များ' ဟု ခေါင်းစဉ်ပေးထားသည်။

အဆိုပါ စာအုပ်ကို ထင်ရှားကျော်ကြားသည့် ကွန်ဂရက်စာကြည့်တိုက် (အမေရိကန်ပါလီမန်စာကြည့်တိုက်) နှင့် ဗြိတိန်စာကြည့်တိုက် များတွင် စာရင်းထားရှိသည်။

ယင်းစာအုပ်ကို နာမည်ကျော် ပညာရှင်နှစ်ယောက်ဖြစ်သော ပါမောက္ခ ဖေဆယ်အာမက် (နယူးဒေလီ) နှင့် ပါမောက္ခ အလက်ဇန္ဒား လန်းဘတ် (ဂျနီဗာ) တို့က ရေးသားခဲ့သည်။

ပါမောက္ခ ဖေဆယ်အာမက်သည် နယူးဒေလီအခြေစိုက် ကုန်သွယ်ရေးနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး FORE စီမံခန့်ခွဲမှုကျောင်းနှင့် နိုင်ငံတကာစီးပွားရေးဆိုင်ရာပါမောက္ခတစ်ဦးဖြစ်သည်။

ပါမောက္ခ အလက်ဇန္ဒား လန်းဘတ်သည် ကျော်ကြားသော သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ပထဝီဝင် နိုင်ငံရေး ဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ လက်ရှိတွင် ဂျနီဗာအင်စတီကျူ၏ ပထဝီနိုင်ငံရေးလေ့လာမှုဌာန၏ ပညာရေးဒါရိုက်တာလည်းဖြစ်သည်။

ယင်းစာအုပ်တွင် ကမ္ဘာပထဝီဝင်နိုင်ငံရေးတွင် ဗဟိုချက်အသစ်အဖြစ် တရုတ်အင်အားကြီးထွားလာမှုကို လေ့လာဆန်းစစ်ထားသည်။ သမိုင်းဆိုင်ရာ ရှု့ထောင့်များကို ဆွေးနွေးခြင်းအပြင်၊ စာအုပ်သည် ခေတ်ပြိုင် ပထဝီ နိုင်ငံရေးအမြင်များ၊ ပါဝါပြိုင်ဆိုင်မှု၊ ပထဝီဝင်စီးပွားရေးနှင့် အင်ဒို-ပစိဖိတ်ဒေသအကြောင်းတို့ကို နက်နဲစွာ ဖော်ပြထားသည်။

BRI သည် အုပ်ချုပ်ရေး၏ ကျောရိုးမကဏ္ဍိုင်များကို ပြန်လည်ဒီဇိုင်းရေးဆွဲရန် အလားအလာရှိသည်ဟု ယင်းကဆိုသည်။

အဓိကအားဖြင့် ယင်းစာအုပ်သည် တရုတ်နှင့် BRI မှ တဆင့် ကမ္ဘာတစ်ဝန်းရှိ ယင်း၏ အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ချိတ်ဆက်မှုအစီအစဉ်များအကြောင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required