စစ်ကောင်စီတပ်၏ ကွန်တိန်နာကား ၆ စီးပါ ယာဉ်တန်းကို မုံရွာ-ချောင်းဦး လမ်းတွင် မိုင်းဆွဲတိုက်ခိုက် 

စစ်ကောင်စီတပ်၏ ကွန်တိန်နာကား ၆ စီးပါ ယာဉ်တန်းကို မုံရွာ-ချောင်းဦး လမ်းတွင် မိုင်းဆွဲတိုက်ခိုက် 

ဇွန်လ ၁၅ ရက်

စစ်ကိုင်းတိုင်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ ကွန်တိန်နာကား ခြောက်စီးပါ ယာဉ်တန်းကို မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း South Monywa PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ကွန်တိန်နာကားခြောက်စီး ဖြတ်သန်းမည့်အကြောင်း သတင်းရရှိထားခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့က အချ်ိန်အတော်ကြာစောင့်ဆိုင်းပြီး ရောက်ရှိလာသည့် ကား သုံးစီးကို ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းတွင်  မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဇွန်လ ၁၄ ရက်နေ့ မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်လ်ိုက်တာပါ။ စစ်ကိုင်းက ကွန်တိန်နာ စစ်ခွေး(စစ်ကောင်စီတပ်)ကားတွေ ထွက်လာကတည်းက သတင်းအတိအကျ ရထားလို့ စောင့်နေခဲ့တာပါ။ ဒီကောင်တွေ လာတဲ့ အချိန် မိုင်း သုံးလုံး ဆွဲတိုက်ခိုက်လိုက်တာဖြစ်ပါတယ်” ဟု South Monywa PDF တာဝန်ရှိသူမှ ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကွန်တိန်နာကားများ ရပ်တန့်ကာ ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များက ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခ်ိုက်မရှိ ပြန်လည်ဆုတ်ခွာန်ိုင်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကို People's Defence Force - South Monywa နှင့်အတူ Black Dragon Special Task Force၊ Black Hunter People's Task Force တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတ်ိုင်းမှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အဆိုပါ စစ်ကောင်စီတပ် ကွန်တိန်နာကားယာဉ်တန်း ဖြတ်သန်းရာ လမ်းတစ်လျှောက် နေရာသုံးနေရာတွင်လည်း အခြားသော ဒေသကာကွယ်ရေးတပ်ဖွဲ့များက  မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကွန်တိန်နာယာဉ်တန်း၏ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးဘဲ ယခုအခါ အဆိုပါယာဉ်တန်းသည် မုံရွာမြို့သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ကားပေါ်မှာ ဘာတွေ တင်လာတာလဲတော့ မသိဘူး။ အခုတော့ အဲ့ကားတန်းက မုံရွာကို ဝင်သွားပြီ။ မြေပြင်အခြေအနေမှာ မုံရွာဝန်းကျင်က ချောင်းဦးထက်စာရင် သိပ်အဆိုးကြီး မဟုတ်သေးဘူး။ ချောင်းဦးဝန်းကျင်မှာတော့ တော်တော်အခြေအနေ ဆိုးနေတယ်။

တိုက်ပွဲဖြစ်တာတွေ ရွာမီးရှို့ခံနေရတာတွေ နဲ့  အပြစ်မဲ့ ပြည်သူတွေ အသတ်ခံနေရပါတယ်။ စစ်ကိုင်းတိုင်း တစ်တ်ိုင်းလုံးကတော့ ဖိရင်ပြန်ကြွပြီး ချနေကြတာပါပဲ” ဟု South Monywa PDF တာဝန်ရှိသူက ဆိုသည်။ 

ပြည်သူများအနေဖြင့်လည်း သတ္တိရှိရှိ ရင်ဆိုင်ရဲသည့် စိတ်ဓာတ်မရှိဘဲ အပြစ်မဲ့ ပြည်သူများကို ဓားစာခံလုပ်ကာ စစ်ကြောင်းထိုးနေသည့် ဖက်ဆစ်အကြမ်းဖက် သူပုန်စစ်ကောင်စီတပ်ကို ရင်ဆိုင်နေရသည့်အတွက် သတိ ဝိရီယ ရှိကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူများ အပြန်အလှန်အားပေးကာ ရဲရဲရင်ဆိုင်တိုက်ပွဲဝင်ပြီး စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်ကာ တရားဥပဒေစိုးမိုးသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ အတူတကွ ချီတက်ကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly